လောက်ကိုင်မြို့ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်

 

နေပြည်တော် ဇူလိုင်  ၁၀


ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်    အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ရှိ   ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များကို ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်       တိုင်းမှူး ဗိုလ်ချုပ်     နိုင်နိုင်ဦးနှင့်အဖွဲ့ဝင် များက   နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

 


ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။       ထို့နောက် တိုင်းမှူးနှင့် တာဝန် ရှိသူများက ပြည်သူ့စစ်  (ဌာနေ)  အဖွဲ့ဝင်များ အတွက်  စားသောက်ဖွယ်ရာများ နှင့်       လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး ပြည်သူ့စစ် (ဌာနေ)  အဖွဲ့ဝင်များ၏   တင်ပြ ချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


ဆက်လက်၍   တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)   လောက်ကိုင်မြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား လောက်ကိုင်မြို့ရှိ     မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းရုံး၌ သွားရောက် တွေ့ဆုံသည်။

 


ဦးစွာတိုင်းမှူးက အမှာစကား ပြောကြားပြီး စစ်မှုထမ်း ဟောင်း       အဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ် သည်။ ထို့နောက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏  တင်ပြချက်များ အပေါ်တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိသည်။        

သတင်းစဉ်