လောက်ကိုင်မြို့ အထက(၂) ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ကွင်းဆင်းဆောင်ရွက်

 

လောက်ကိုင်   ဇူလိုင်   ၃၀


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ  လောက်ကိုင်မြို့၌ ယမန် နေ့က အမှတ် (၂)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌      လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ဖြင့်     နိုင်ငံသားစိစစ်ရေးကတ်များ     ရရှိရေး ကွင်းဆင်း   ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 


ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးအောင်ဇော်မင်းနှင့် ဝန်ထမ်းများက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း မှ အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ် များ ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာများက ကြည့်ရှုအားပေးပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊  လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူးတို့က   ကျောင်းသား      ၆၄  ဦးနှင် ကျောင်းသူ ၄၅ ဦးအား နိုင်ငံသားစိစစ်ရေး ကတ်များ ပေးအပ်ကြောင်း သိရသည်။ 


ရွှေစင်ဖြိုး (ပြန်/ဆက်)