
နေပြည်တော် ဇန်နဝါရီ ၃ ရှမ်းပြည်နယ် (မြောက်ပိုင်း)လောက်ကိုင်မှ အွန်လိုင်းတွင် ငွေ လိမ်လည်သည့် အဖွဲ့ခေါင်းဆောင် များကို တပ်မတော်က ရဟတ် ယာဉ်ဖြင့် ခေါ်ထုတ်ပြောင်းရွှေ့ပေး နေသည်ဟု တရားမဝင်ပြည်ဖျက် မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media က သတင်းတု၊ သတင်းမှား များ ဖြန့်ဝေရေးသား၍ ဝါဒဖြန့် လျက်ရှိသည်။
နိုင်ငံတော်အစိုးရ အနေဖြင့် အွန်လိုင်းတွင် လိမ်လည်ခြင်း၊ လောင်းကစား ပြုလုပ်ခြင်း များအား တားဆီးကာကွယ်ရန် ဥပဒေများ ထုတ်ပြန်ထားရှိပြီးဖြစ် ကာ ထိုသို့ အွန်လိုင်းတွင် လိမ်လည်ခြင်း၊ လောင်းကစား ပြုလုပ်ခြင်း လုပ်ကိုင်နေသူများကို စိစစ်ဖော်ထုတ်၍ ထိထိရောက် ရောက် အရေးယူဆောင်ရွက်လျက် ရှိပြီး ဖမ်းဆီးရမိထားသည့် ပြည်ပ နိုင်ငံများမှ အွန်လိုင်းလိမ်လည် ခြင်းလုပ်ငန်း လုပ်ဆောင်သူများ ကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း နှင့် ထိုသို့ ဆောင်ရွက်မှုများကို လည်း အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိသည်။
သို့သော် တရားမဝင်ပြည်ဖျက် မီဒီယာများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့တို့ အနေဖြင့် နိုင်ငံတော်မှ Online လိမ်လည်ခြင်း၊ လောင်းကစားခြင်း များကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နေမှုများအပေါ် မသိ ကျိုးကျွန်ပြု၍ ပြည်သူလူထုနှင့် နိုင်ငံတကာ စာမျက်နှာတွင် နိုင်ငံတော်နှင့် တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန် ယခု ကဲ့သို့ သတင်းတု၊ သတင်းမှား များကို ဝါဒဖြန့်ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်