လော့စ်အိန်ဂျလိစ်၌ ကျောင်းနေကလေးများ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် အမိန့်ထုတ်

 

လော့စ်အိန်ဂျလိစ် စက်တင်ဘာ ၁၀


လော့စ်အိန်ဂျလိစ် ပညာရေး ဘုတ် အဖွဲ့သည်  အသက်  ၁၂  နှစ်နှင့် အထက်     ကျောင်းတက်မည့် ကလေးများအားလုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်  စက်တင် ဘာ ၉ ရက်တွင်  မဲပေးခဲ့သည်။ 
ကျောင်းသားပေါင်း ၆၀၀၀၀၀ ကျော်ကို     ကြီးကြပ်ပေးနေသည့် အဆိုပါ  ဘုတ်အဖွဲ့သည်  လာမည့် ဇန်နဝါရီလမှစတင်ကာ  အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ 
အဆိုပါမူဝါဒအောက်တွင် မူလ တန်း၊  အလယ်တန်းနှင့်  အထက် တန်း အသက် ၁၂ နှစ်အထက်များ အားလုံးသည် နိုဝင်ဘာ ၂၁ ရက် တွင်  ပထမတစ်ကြိမ်  ကာကွယ် ဆေးထိုးနှံရမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၉ရက်တွင် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုခံယူရမည်ဖြစ်သည်။ ကာကွယ်ဆေးမထိုးသည့် ကျောင်းသားများသည် စာသင် ခန်းအတွင်း ဝင်ခွင့်ရှိမည်မဟုတ် ပေ။ အွန်လိုင်းမှတစ်ဆင့် စာသင် ခြင်း   လုပ်ဆောင်မည်လား   ဆို သည်ကို ရွေးချယ်ရမည်ဖြစ်သည်။  
အွန်လိုင်းမှ   သင်ကြားခြင်း မဟုတ်ဘဲ    စာသင်ခန်းအတွင်း သင်ယူခြင်းလုပ်ငန်းများ ပြန်လည် စတင်နိုင်ရန်    ယခုခြေလှမ်းမှာ အရေးပါ  လိုအပ်သည့်  ခြေလှမ်း ဟုလည်း အာဏာပိုင်များက ပြော သည်။
အမေရိကန်    တစ်လွှားတွင် ကျောင်းနေအရွယ်   ကလေးများ ကာကွယ်ဆေးထိုးရန် လိုအပ်ချက် မှာ အငြင်းပွားဖွယ်ပြဿနာ ဖြစ် နေသည်။          

အန်အိတ်ချ်ကေ