
တိုကျို စက်တင်ဘာ ၇
ကမ်းလွန် လေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းများနှင့် ဆက်စပ်၍ တိုကျိုအခြေစိုက် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ကုမ္ပဏီတစ်ခု၏ အကြီးအကဲ ဟောင်းတစ်ဦးထံမှ လာဘ်ငွေများ လက်ခံရယူမှု သံသယဖြင့် တိုကျို အစိုးရရှေ့နေများသည် ပါလီမန် အမတ်တစ်ဦးကို ဖမ်းဆီးလိုက် သည်။
ဂျပန် အောက်လွှတ်တော် အမတ် အာကီမိုတို မာဆာတိုရှီ သည် စွမ်းအင်ကုမ္ပဏီအကြီးအကဲ ဟောင်းထံမှ စုစုပေါင်း ယန်းသန်း ၆၀ (ဒေါ်လာ ၄၀၆၀၀၀ ခန့်) လာဘ်စားသည်ဟု သံသယဖြင့် စက်တင်ဘာ ၇ ရက်က ဖမ်းဆီး ခံခဲ့ရသည်။
စွမ်းအင် ကုမ္ပဏီသည် ကမ်းလွန်လေအားလျှပ်စစ် ထုတ် လုပ်ရေး စီမံကိန်းများအတွက် လေလံအောင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ လွှတ်တော်အမတ် အာကီမိုတိုသည် လွှတ်တော် အစည်းအဝေးများအတွင်း ကုမ္ပဏီ အတွက် အဆိုအောင်မြင်ရေး အလားအလာ ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ပေးရန် လာဘ် ငွေကို လက်ခံရယူခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ယုံကြည် ကြသည်။
အင်န်အိတ်ချ်ကေ