လ၏ တောင်ဝင်ရိုးစွန်းအနီး အိန္ဒိယနိုင်ငံ၏ လစူးစမ်းယာဉ် ပထမဆုံး အောင်မြင်စွာဆင်းသက်နိုင်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုရုပ်ရှင်ပြသ

 

မန္တလေး   ဩဂုတ်   ၂၅


မန္တလေးမြို့အခြေစိုက်  အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ် ရုံး၏ အစီအစဉ်ဖြင့်  အိန္ဒိယနိုင်ငံ၏ လစူးစမ်းလေ့လာ ရေး Chadrayaan-3 အာကာသယာဉ် လမျက်နှာပေါ် သို့   အောင်မြင်စွာဆင်းသက်နိုင်မှု  အထိမ်းအမှတ် အဖြစ် အိန္ဒိယရုပ်ရှင်ဇာတ်ကား Mission Mangal ပြသခြင်းအခမ်းအနားကို ဩဂုတ် ၂၄ ရက် ညနေပိုင်း က    ချမ်းမြသာစည်မြို့နယ်     မန္တလေးကွန်ဗင်းရှင်း စင်တာ၌ ကျင်းပသည်။ 

အခမ်းအနား၌   မန္တလေးမြို့အခြေစိုက်   အိန္ဒိယ နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ အိန္ဒိယကောင်စစ်ဝန်ချုပ် H.E. Mr. Sundeep Kaushal  က  အိန္ဒိယနိုင်ငံ၏ လစူးစမ်းလေ့လာရေး Chadrayaan-3 အာကာသယာဉ် သည် ဩဂုတ်  ၂၃ ရက်  အိန္ဒိယဒေသစံတော်ချိန် ညနေ ၆နာရီ ၀၄ မိနစ်ဝန်းကျင်တွင် လမျက်နှာပြင်ပေါ် သို့ အောင်မြင်စွာ  ဆင်းသက်နိုင်ခဲ့ကြောင်း၊ ယခုလို ချောမွေ့စွာဆင်းသက်နိုင်မှုမျိုးမှာ အိန္ဒိယနိုင်ငံအနေ ဖြင့်  ကမ္ဘာပေါ်တွင်  စတုတ္ထမြောက်နိုင်ငံဖြစ်လာပြီး ယခင်ကဆိုဗီယက်ယူနီယံ၊  အမေရိကန်နှင့် တရုတ် နိုင်ငံတို့ရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသည် လ၏ မျက်နှာ ပြင်      တောင်ဝင်ရိုးစွန်းအနီး၌   ကမ္ဘာ့ပထမဆုံး အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည့် နိုင်ငံဖြစ်ကြောင်း၊ ၁၉၆၉ ခုနှစ်တွင် Dr.Vikram Sarabhai တည်ထောင် ခဲ့သော အိန္ဒိယ အာကာသ သုတေသနအဖွဲ့အစည်းမှာ ယခုအခါ အဆင့်မြင့်ဆုံး အာကာသသုတေသနအဖွဲ့ များထဲမှ  တစ်ခုဖြစ်လာကြောင်း၊    ယနေ့ပြသည့် အိန္ဒိယရုပ်ရှင်ဇာတ်ကားမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်က မားစ်ဂြိုဟ်ပေါ်သို့လွှတ်တင်ရာ ပထမဆုံး အကြိမ်မှာပင်   အောင်မြင်စွာ   ဆင်းသက်နိုင်မှုကို  နောက်ခံပြု၍            အာကာသသိပ္ပံပညာရှင်များ၏ စွမ်းစွမ်းတမံ  ကြိုးစားအားထုတ်မှုကို  ဂုဏ်ပြုသည့် အနေဖြင့်  တင်ဆက်ပြသခြင်းဖြစ်ပါကြောင်း   ပြော ကြားသည်။ 


ယင်းနောက်             တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးမျိုးအောင်က   အိန္ဒိယနိုင်ငံ၏   အာကာသခရီးမှာ သာမက   ကမ္ဘာပေါ်ရှိ    သိပ္ပံပညာအသိုင်းအဝိုင်းနှင့် လူသားများအတွက်ပါ ယခုလို အခက်အခဲများကြား မှ   ကြိုးစားအောင်မြင်မှု   သမိုင်းမှတ်တိုင် စိုက်ထူ နိုင်ခြင်းအတွက် ဂုဏ်ပြုချီးကျူးကြောင်း ပြောကြား ပြီး    အာကာသသိပ္ပံပညာရှင်များ၏   စွမ်းစွမ်းတမံ ကြိုးစားအားထုတ်မှုကို    ပုံဖော်ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားတင်ဆက်ပြသမှုကို     ကြည့်ရှု အားပေးခဲ့သည်။  

သတင်းစဉ်