လစ်လပ်ရာထူးနေရာများတွင် ဝန်ထမ်းလောင်းများ ကွန်ပျူတာနှင့် လူတွေ့ဖြေဆိုနေမှုအား ကြည့်ရှုအားပေး

 

စစ်တွေ   စက်တင်ဘာ   ၁၉


ရခိုင်ပြည်နယ်ဝန်ကြီးချုပ်          ဒေါက်တာအောင် ကျော်မင်းနှင့်    တာဝန်ရှိသူများသည်     ယနေ့ နံနက်ပိုင်းက  ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး၊   အငယ်တန်း စာရေးနှင့်      ဒုတိယလက်ထောက်ကွန်ပျူတာ လုပ်ဆောင်ရေးမှူး  လစ်လပ်ရာထူးနေရာများတွင်     ကွန်ပျူတာနှင့်   လူတွေ့စာမေးပွဲဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှု အားပေးကြသည်။


ထိုသို့လှည့်လည်ကြည့်ရှုအားပေးစဉ်  ပြည်နယ် လူမှုရေးဝန်ကြီး၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊       ရခိုင်ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုး၊      ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ဒုတိယပါမောက္ခချုပ်       ဒေါက်တာဇော်ထွန်းနှင့် တာဝန်ရှိသူများက လက်တွေ့ကွန်ပျူတာ ဖြေဆိုနေမှု နှင့်ပတ်သက်၍    လိုက်လံရှင်းလင်းပြသကြသည်။


ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)စာဖြေဌာနတွင် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး၊    အငယ် တန်းစာရေးနှင့်  ဒုတိယလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး   လစ်လပ်ရာထူးနေရာများတွင် ဖြေဆိုသူ ၄၂၈ ဦးရှိပြီး    ယနေ့တွင်   ကွန်ပျူတာ ဖြေဆိုသူ   ၁၉၈ ဦး၊  လူတွေ့ဖြေဆိုသူ ၂၃၀ ဖြစ်ပြီး ယမန်နေ့က    ကွန်ပျူတာဖြေဆိုသူ     ၂၃၀ နှင့် လူတွေ့ဖြေဆိုသူ ၁၉၈ ဦး ဖြေဆိုလျက်ရှိသည်။


အဆိုပါ ဖြေဆိုသူများသည် ဩဂုတ် ၂၈ ရက်တွင် ရေးဖြေ ဖြေဆိုပြီး အောင်မြင်သူများကို ကွန်ပျူတာ နှင့်     လူတွေ့စစ်ဆေးနေခြင်းဖြစ်ကြောင်း    သိရ သည်။

တင်ထွန်း(ပြန်/ဆက်)