လဆင်းယာဉ်၏ အလုပ်လုပ်နေပုံများကို အိန္ဒိယထုတ်ပြန်

 

နယူးဒေလီ  ဩဂုတ်  ၂၆


လမျက်နှာပြင်ပေါ်တွင်     လဆင်း ယာဉ်၏  အလုပ်လုပ်ပုံကို  အိန္ဒိယ အာကာသအေဂျင်စီမှ အရာရှိများ က ထုတ်ဖော်ပြသခဲ့သည်။ 


စတုတ္ထမြောက် နိုင်ငံဖြစ်လာ


ချန်ဒရာယန်း- ၃ မှာ  ဩဂုတ် ၂၃ ရက်က  လမျက်နှာပြင်ပေါ်သို့အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီး နောက် အိန္ဒိယနိုင်ငံသည် လပေါ် သို့    လူမဲ့အာကာသယာဉ်   ဆင်း သက်နိုင်သည့်     စတုတ္ထမြောက် နိုင်ငံဖြစ်လာခဲ့သည်။ လဆင်းယာဉ်  ဖြည်းညင်းစွာ       ဆင်းသက်လာ သည့်      ဗီဒီယိုဖိုင်ကို     အိန္ဒိယ အာကာသ        သုတေသနအဖွဲ့ အစည်းက ဩဂုတ် ၂၅ ရက်တွင် ထုတ်ဖော်ပြသခဲ့သည်။ 


၈ မီတာအထိ သွားလာခဲ့


လဆင်းယာဉ်သည်  ၈  မီတာ အထိ    သွားလာပြီးဖြစ်ကြောင်း အာဏာပိုင်များက    ပြောသည်။ ချန်ဒရာယန်း-၃ မှာ လ၏တောင် ဝင်ရိုးစွန်းအနီးတွင်         ပထမဆုံး ဆင်းသက်သည့် အာကာသယာဉ် ဖြစ်ပြီး   မြေမျက်နှာပြင်    မညီညာ မှုပြဿနာစိန်ခေါ်မှုများ    ရှိသည့် နေရာလည်းဖြစ်သည်။ 


အဆိုပါနေရာတွင်    ရေခဲများ ရှိမည်ဟု      သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။     လပေါ်ရှိ ကျောက်များ     ဒြပ်စင်ဖွဲ့စည်းမှု အတွက်     အချက်အလက်များ ကောက်ယူ     စုဆောင်းရန်လည်း အိန္ဒိယက စီစဉ်ထားသည်။


 အင်န်အိတ်ချ်ကေ