လစ်ဗျားတွင် ရွေးကောက်ပွဲကျင်းပပေးရန် အရေးကြီးဟု ကုလသမဂ္ဂအထောက်အကူပြုအဖွဲ့ အကြီးအကဲပြောကြား

 

 

ထရီပိုလီ   ဧပြီ     ၁၈ 
လစ်ဗျား၌    လက်ရှိနိုင်ငံရေးထွက်ပေါက်မရှိသော အခြေအနေကို  အဆုံးသတ်ရန် ရွေးကောက်ပွဲများ ကျင်းပပေးရန်အရေးကြီးဟု လစ်ဗျားရှိ ကုလသမဂ္ဂ အထောက်အကူပြုအဖွဲ့အကြီးအကဲ ရေစီဒွန်ဇီနန်ဂါ က ဧပြီ ၁၈ ရက်တွင် အလေးအနက်ထား တိုက်တွန်း ပြောကြားလိုက်သည်။ 
မြို့တော်ထရီပိုလီတွင်    လွှတ်တော်အမတ် လောင်းများနှင့်တွေ့ဆုံစဉ် ဇီနန်ဂါက ထိုသို့ပြောကြား လိုက်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲကျင်းပပေးနိုင် မည်ဟု ကုလသမဂ္ဂကယုံကြည်ထားသော ကိုယ်စား လှယ်အဖွဲ့သည်   လက်ရှိနိုင်ငံရေး      ချောင်ပိတ်မိ နေသောအခြေအနေကို      ရုန်းထွက်နိုင်မည့်တစ်ခု တည်းသော      နည်းလမ်းဖြစ်ကြောင်း    ဇီနန်ဂါက အတည်ပြုပြောကြားသည်။ 
ထို့အပြင် လစ်ဗျားမဲဆန္ဒရှင်များနှင့် အမတ်လောင်း များ၏  သဘောဆန္ဒကို   အလေးထားရန် ဇီနန်ဂါက ပြောကြားခဲ့သည်။ လက်ရှိနိုင်ငံရေးအကျပ်အတည်း တွေ့နေသည့်အခြေအနေအပေါ် စိုးရိမ်ပူပန်မိကြောင်း  အမတ်လောင်းများက   ဖော်ပြသည်။   ကုလသမဂ္ဂ အထောက်အကူပြုအဖွဲ့ကိုလည်း သမ္မတလောင်းများ နှင့် အမတ်လောင်းရွေးကောက်ပွဲများတွင် ပါဝင်ရန်  အမတ်လောင်းများက တိုက်တွန်းထားသည်။
လစ်ဗျားသမ္မတရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင်  ကျင်းပရန်  မျှော်မှန်းခဲ့သော် လည်း    နည်းပညာပိုင်းဆိုင်ရာနှင့်    ဥပဒေရေးရာ ကိစ္စရပ်များကြောင့် ရွှေ့ဆိုင်းခဲ့ရကြောင်း အမျိုးသား ရွေးကောက်ပွဲကော်မရှင်က ဖော်ပြထားသည်။ 
ဆင်ဟွာ