
ထရီပိုလီ နိုဝင်ဘာ ၂၉
လစ်ဗျားနိုင်ငံ၏ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ထိန်းချုပ် ရေးဌာနက နိုဝင်ဘာ ၂၈ ရက်တွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၂၄၈ ဦးကို နေရပ်သို့ပြန်ပို့လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
၎င်းတို့ထဲမှ ၁၂၀ ကို လေကြောင်းမှတစ်ဆင့် နိုင်ဂျာ နိုင်ငံသို့ ပြန်ပို့ပေးခဲ့ပြီးကျန် ၁၂၈ ဦး ကို ကုန်းကြောင်းမှတစ်ဆင့် ချဒ်နိုင်ငံသို့ ပြန်လည်ပို့ဆောင် ပေးခဲ့သည်။ ပြန်လည်ပို့ဆောင် ခြင်းလုပ်ငန်းများမှာ လူသားဆန် ပြီး သင့်လျော်မှုရှိသည်ဟု ပြည်နှင် ဒဏ်ပေးသည့်ဌာနသို့ လာရောက် စဉ် အစိုးရအဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ မူဆာ အယ်ကူနီက ပြောသည်။
တရားမဝင် ရွှေ့ပြောင်းနေထိုင် သူများ ထိန်းချုပ်ရေးဌာန၏ ကြိုးပမ်းအားထုတ်မှုများကို အသိ အမှတ်ပြုကြောင်းနှင့် ရွှေ့ပြောင်း နေထိုင်သူများကို မပြည့်စုံသည့် ကြားမှ လူသားချင်းစာနာထောက် ထားမှုအပြည့်ဖြင့် အကူအညီပေး နိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြော သည်။
အာဖရိကန်အများစုမှာ မြေထဲ ပင်လယ်ကိုဖြတ်၍ ဥရောပသို့ သွားရောက်ရန် လစ်ဗျားကို လမ်းကြောင်းအဖြစ် ရွေးချယ်ကြ သည်။ ယခုနှစ်အတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၅၀၅၇ ဦး ကို ကယ်ဆယ်ခဲ့ပြီး လစ်ဗျား သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း နေထိုင်မှုအဖွဲ့အစည်းက ပြော သည်။
ဆင်ဟွာ