လစ်ဗျားနိုင်ငံနှင့် အီဂျစ်နိုင်ငံကိုင်ရိုမြို့သို့  လေကြောင်းပျံသန်းမှု ပြန်လည်စတင်

 

ထရီပိုလီ စက်တင်ဘာ ၂၀


လစ်ဗျားနိုင်ငံနှင့်   အီဂျစ်နိုင်ငံကိုင်ရိုမြို့သို့  လေကြောင်းလိုင်း ပြန်လည် ပြေးဆွဲမည်ဖြစ်ကြောင်း လစ်ဗျားအစိုးရက စက်တင်ဘာ ၁၉ ရက်တွင် ကြေညာခဲ့သည်။ 
ဆွေးနွေးညှိနှိုင်း
နှစ်နိုင်ငံစလုံးမှ     အရပ်ဘက်လေကြောင်းဌာနများသည် ထရီပိုလီမြို့မှတစ်ဆင့်  ကိုင်ရိုသို့    လေကြောင်းလိုင်း   ပျံသန်း ပြေးဆွဲရန်   လိုအပ်သည့်   ဆွေးနွေးညှိနှိုင်းမှုများကို  ပြုလုပ်ရန် သဘောတူခဲ့ကြသည်။ 
လစ်ဗျားဝန်ကြီးချုပ် အဗ္ဗဒူ ဟာမစ် ဒီဘိုင်ဘာသည် ကိုင်ရိုမြို့သို့ လာရောက်ခဲ့ပြီးနောက် ယခုလိုဆုံးဖြတ်ချက်ထွက်ပေါ်ခဲ့ခြင်းဖြစ် သည်။ 
လက်မှတ်ရေးထိုးခဲ့
အဆိုပါ ခရီးစဉ်အတွင်းနှစ်နိုင်ငံကြားသဘောတူညီမှုများစွာကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။   လစ်ဗျားအစိုးရအဖွဲ့၏ အဓိကတာဝန်မှာ ယခုနှစ်ကုန်ပိုင်းတွင် အထွေထွေရွေးကောက်ပွဲ ပြုလုပ်ရန်ဖြစ်ပြီး   လစ်ဗျားနိုင်ငံရေး   ဆွေးနွေးညှိနှိုင်းမှုဖိုရမ်က လည်း သဘောတူပြီးဖြစ်သည်။
ဆင်ဟွာ