
ထရီပိုလီ စက်တင်ဘာ ၁၂
စက်တင်ဘာ ၁၀ ရက်က လစ်ဗျား နိုင်ငံ အရှေ့ပိုင်းတွင် ရေကြီးရေလျှံ မှုဖြစ်ပွားပြီးနောက် ဒါနာမြို့တွင် လူပေါင်း ၂၃၀၀ ထက်မနည်း သေဆုံးမှုဖြစ်ပွားကာ အခြား ၅၀၀၀ ကျော် ပျောက်ဆုံးနေ ကြောင်း လစ်ဗျား ကျန်းမာရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်တွင် ပြောသည်။
လစ်ဗျားနိုင်ငံ တစ်ဝန်းမှ ကယ်ဆယ်ရေး အသင်းအဖွဲ့များ သည် ရေဘေးသင့် ဒါနာမြို့သို့ ဦးတည်ထွက်ခွာလာနေကြောင်း ဝန်ကြီးဌာန၏ အရေးပေါ်ဌာနက ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြ ထားသည်။ လစ်ဗျားအစိုးရသည် စက်တင်ဘာ ၁၂ ရက်က ဆေးဘက် ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း ၁၄ တန် တင်ဆောင်လာသော လေယာဉ်တစ်စင်းကို စေလွှတ်ခဲ့ သည့်အပြင် ရေကြီးရေလျှံမှု နောက် ဆက်တွဲ ပြဿနာရပ်များကို ကိုင် တွယ်ဖြေရှင်းနိုင်ရန်အတွက် အရှေ့ ဘက် ဘန်ဂါဇီမြို့သို့ ဆေးဘက် ဆိုင်ရာ ကျွမ်းကျင်သူ ဒါဇင်ပေါင်း များစွာကိုလည်း စေလွှတ်ခဲ့သည်။
မြေထဲပင်လယ် မုန်တိုင်း သည် စက်တင်ဘာ ၁၀ ရက်က လစ်ဗျားနိုင်ငံအရှေ့ပိုင်း ကုန်းတွင်း ပိုင်းသို့ ဝင်ရောက်တိုက်ခတ် ပြီးနောက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ ၎င်းလမ်းကြောင်း တစ်လျှောက်ရှိ အဆောက်အအုံ များ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ရေကြီးရေလျှံမှု၏ နောက် ဆက်တွဲဖြစ်ရပ်များကို ကိုင်တွယ် ဖြေရှင်းရန်အတွက် နိုင်ငံတကာ အကူအညီများကို လစ်ဗျားသမ္မတ ကောင်စီအကြီးအကဲ မိုဟာမက် အယ်မန်ဖီက စက်တင်ဘာ ၁၁ ရက်တွင် တောင်းဆိုထားသည်။ ဒါနာ၊ အယ်ဘေဒါနှင့် ရှာဟတ်မြို့ တို့သည် ရေကြီးရေလျှံမှုဒဏ်ကို အဆိုးရွားဆုံးခံရသည့် မြို့များ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောသည်။
ဆင်ဟွာ