
ထရီပိုလီ ဖေဖော်ဝါရီ ၂၂
ဇွန်လအတွင်း အထွေထွေရွေးကောက်ပွဲကျင်းပရန် အစီအစဉ် ရှိသည်ဟု လစ်ဗျားဝန်ကြီးချုပ် အဗ္ဗဒူ ဟာမက် ဒီဘိုင်ဘာက ပြောသည်။
ရွေးကောက်ပွဲမှတစ်ဆင့် ရုံးကိုလက်လွှဲပေးမည်ဖြစ်ပြီး နိုင်ငံရေး အဖွဲ့အစည်းများကို ပြည်သူများယုံကြည်လာစေရန် ရည်ရွယ်၍ စီစဉ်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အောက်လွှတ်တော်သည် လက်တလောတွင် ပြည်ထဲရေးဝန်ကြီး ဟောင်း ဖာသီ ဘရှာဂါကို ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ရန် မဲပေးထားကြသည်။ ရွေးကောက်ခံအစိုးရ တာဝန်မယူမီအချိန်အထိ ဝန်ကြီးချုပ်ရုံးတွင်ဆက်လက်ရှိနေဦးမည်ဟု ၎င်းက ဆက်ပြောသည်။
လစ်ဗျားနိုင်ငံတွင် ရွေးကောက်ပွဲကို ပြီးခဲ့သည့်နှစ်ဒီဇင်ဘာ ၂၄ ရက်တွင်ကျင်းပရန် ရည်ရွယ်ထားသော်လည်း နည်းပညာဆိုင်ရာ နှင့် အခြားသောပြဿနာများကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရကြောင်း တိုင်းပြည်၏ ရွေးကောက်ပွဲကော်မရှင်က ပြောသည်။
ဆင်ဟွာ