
နေပြည်တော် မေ ၂၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (လားရှိုး)၊ ကွန်ပျူတာတက္ကသိုလ်နှင့် ပညာ ရေး ဒီဂရီကောလိပ်တို့မှ ပါမောက္ခ ချုပ်များ၊ ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူ များအတွက် ထောက်ပံ့ငွေ များ၊ စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ တက္ကသိုလ် များနှင့် ပညာရေးဒီဂရီကောလိပ် တို့ရှိ ခန်းမဆောင်အသီးသီး၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ထောက်ပံ့ငွေများပေးအပ်
ဦးစွာ တိုင်းမှူးက အဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိ သူများက တက္ကသိုလ်များနှင့် ပညာရေး ဒီဂရီကောလိပ်တို့ရှိ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူ များအတွက် ထောက်ပံ့ငွေ များ၊ စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျေးဇူးတင် စကားများ ပြန်လည်ပြောကြားကြ သည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူ များကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်