လားရှိုးမြို့ရှိ မိဘမဲ့ဂေဟာများရှိ ကလေးသူငယ်များအတွက် စားသောက်ကုန်ပစ္စည်းများနှင့် ကိုဗစ်- ၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း 


 

နေပြည်တော်  စက်တင်ဘာ  ၇


ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ   သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များ၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊    ပြည်သူ့စစ်(ဌာနေ)   တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့်    ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက်  တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာ များ၊ ထောက်ပံ့ငွေများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို  ထောက်ပံ့လှူဒါန်း လျက်ရှိသည်။
ထိုသို့   ပေးအပ်လျက်ရှိရာ     ရှမ်းပြည်နယ် မြောက်ပိုင်း  လားရှိုးမြို့  အမှတ်(၁၀) ရပ်ကွက်ရှိ ကျေးဇူးတော်မိဘမဲ့ဂေဟာ၊  ဖူးဂေါ်စပါယ် မိဘမဲ့ ပရဟိတကျောင်း(FULL GOSPEL ASSEMBLY )နှင့် အမှတ်(၉)ရပ်ကွက်ရှိ ဂရုဏာရင်ခွင်  မိဘမဲ့ဂေဟာ များမှ   မိဘမဲ့ကလေးငယ်များနှင့်   ဂေဟာမှ တာဝန်ရှိသူများအတွက် ဆန်၊ ဆီ၊ စားသောက်ကုန် ပစ္စည်းများ၊   ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိ သူများ၊ စေတနာရှင် အလှူရှင်များက ယနေ့နံနက်ပိုင်း တွင်    ပေးအပ်လှူဒါန်းရာ    တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာ မြို့နယ်၊ ပန်းတနော်မြို့နယ်နှင့်  ဇလွန်မြို့နယ်များ အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား နိုင်ငံတော်က ထောက်ပံ့ပေးအပ်သည့်  ထောက်ပံ့ငွေကျပ်သိန်း ပေါင်း  ၂၄၃၅၄၀၀၀၀ ကို  ယနေ့တွင်   မြို့နယ် အသီးသီးမှ    စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက    အသီးသီးထောက်ပံ့ပေးအပ်ခဲ့ ကြကြောင်း သတင်းရရှိသည်။             
သတင်းစဉ်