လားရှိုးမြို့ရှိ COVID-19 ကုသရေးစင်တာ(၁) ပြင်ဆင်နေမှုအား ကြည့်ရှု၊ အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်   ဇွန်  ၂၇


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ ပြည်ထောင်စု အားကစားရုံ၌   ဖွင့်လှစ်ထားရှိသည့်  COVID-19 ကုသရေးစင်တာ(၁)သို့  ယနေ့  မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်၍ အဆိုပါ စင်တာ ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။


ထို့နောက်   တိုင်းမှူးက   စင်တာ၌ထားရှိမည့် လူနာများကို       အာဟာရကျွေးမွေးရန်အတွက် အလှူငွေကျပ် ၁၀ သိန်းကို    ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သတင်း ရရှိသည်။


သတင်းစဉ်