
နေပြည်တော် ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ အမှတ်(၅) အခြေခံပညာ အထက်တန်း ကျောင်းနှင့် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း များ၌ (၂၀၂၁-၂၀၂၂) ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်တို့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းသား ကျောင်းသူများက “မြတ်ဆရာ” သီချင်းနှင့် “စုံညီပွဲတော် ဒို့နွှဲပျော်” သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် တိုင်းမှူးက အမှာစကားပြောကြားပြီး ပညာရေးစုံညီပွဲတော်ကို ကျောင်းအသီးသီး၌ ဖွင့်လှစ်ပေးသည်။
ယင်းနောက် အဆိုပါအခြေခံပညာကျောင်းများ၌ (၂၀၂၁-၂၀၂၂)ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲနှင့် (၂၀၂၂-၂၀၂၃)ပညာ သင်နှစ် ပညာရေးစုံညီပွဲတော်တို့၌ ပညာရည်ချွန်ဆုရရှိသူ ကျောင်းသား ကျောင်းသူများ၊ ဘင်ခရာ၊ အေရိုးဗစ်၊ ပန်းချီ၊ စာစီစာကုံးနှင့် အားကစား ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ ဂုဏ်ထူးရကျောင်းသား ကျောင်းသူ များကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့် ကြသည်။
ယင်းနောက် ကျောင်းသား ကျောင်းသူများ၏ တေးသံသာ အက အလှများဖြင့် ဖျော်ဖြေမှုကို တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ အဆိုပါ ကျောင်းများရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ အတွက် ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်