လားရှိုးမြို့ပြည်သူ့ဆေးရုံကြီး ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

 

လားရှိုး    ဩဂုတ်   ၈


အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ လားရှိုးမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ကျန်းမာရေးဝန်ထမ်းနှင့် မိသားစုများ  အား   စားသောက်ကုန်များ    ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို   ဩဂုတ် ၈ ရက်  မွန်းလွဲ ၁ နာရီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းခန်းမ၌ ကျင်းပ သည်။


ရှေးဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး     ဗိုလ်ချုပ် နိုင်နိုင်ဦးက အမှာစကား  ပြောကြားသည်။  ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်  နိုင်နိုင်ဦးနှင့်   ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်     အခက်အခဲ များကြား တာဝန်ကျေပွန်စွာ ထမ်းဆောင်ပေးလျက် ရှိသော  ကျန်းမာရေးဝန်ထမ်း   ဆရာ  ဆရာမများ၊ သူနာပြုများနှင့်       ဝန်ထမ်းမိသားစုများအတွက် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရာ ဆေးရုံ အုပ်ကြီး ဒေါက်တာလှထွန်းနှင့် သူနာပြုဆရာမကြီး များက လက်ခံရယူသည်။ 


အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ဆန် ၃၄ အိတ်၊ ကြက်သွန်နီ ပိဿာ ၃၀၀၊ ခေါက်ဆွဲခြောက် အထုပ် ၄၀၀၊ စားသုံးဆီ ပိဿာ ၂၀၀၊ ကြက်ဥ  အလုံး ၂၀၀၀၊     ရေသန့် ကဒ် ၅၀ နှင့် Royal-D ၃၄ ကတ်  ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)