လားရှိုးမြို့နယ်၊ ကွမ်းလုံမြို့နယ်နှင့် ပြည်မြို့နယ်တို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်

 

နေပြည်တော်   ဩဂုတ်   ၃    

ရှမ်းပြည်နယ်       (မြောက်ပိုင်း) လားရှိုးမြို့နယ်ရှိ      တပ်မတော် သားများ၊    စစ်မှုထမ်းဟောင်း      အဖွဲ့ဝင်များ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့်      ပြည်သူ့စစ်(ဌာနေ)  တပ်ဖွဲ့ဝင်များအား          စားသောက် ဖွယ်ရာများ    ထောက်ပံ့ပေးအပ် ခြင်းကို     ယနေ့မွန်းလွဲပိုင်းတွင်   အရှေ့မြောက်တိုင်း   စစ်ဌာနချုပ် တိုင်းခန်းမ၌ ကျင်းပရာ  တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊      လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်    ဖိတ်ကြား ထားသူများ     တက်ရောက်ကြ သည်။

 


ဦးစွာ တိုင်းမှူးက  အဖွင့်အမှာ စကားပြောကြားသည်။  ထို့နောက် တိုင်းမှူးနှင့်  တာဝန်ရှိသူများက တပ်မတော်သားများ၊   စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်       ပြည်သူ့စစ် (ဌာနေ)          တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ   ပေးအပ် ကာ    ရင်းရင်းနှီးနှီး   လိုက်လံ နှုတ်ဆက်သည်။

 


အလားတူ    ရှမ်းပြည်နယ် (မြောက်ပိုင်း)  ကွမ်းလုံမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး  ပြည်မြို့နယ် တို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တပ်နယ် အသီးသီးမှ  တာဝန်ရှိသူများက သွားရောက်        တွေ့ဆုံအားပေး စကားပြောကြားပြီး   တင်ပြချက် များပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကာ   စားသောက် ဖွယ်ရာများ     ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်