လားရှိုးမြို့၌ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

 

လားရှိုး  ဖေဖော်ဝါရီ  ၇
(၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်  အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရှမ်းပြည် နယ်(မြောက်ပိုင်း)   လားရှိုးမြို့  ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီပရိဝုဏ်အတွင်းရှိဆင်း ရွှေလီကဇာတ်ရုံ၌  ကျင်းပသည်။
သဝဏ်လွှာဖတ်ကြား
အခမ်းအနားတွင်    အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်  နိုင်နိုင်ဦးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး    မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၆)နှစ်မြောက် ရှမ်း ပြည်နယ်နေ့      အထိမ်းအမှတ် သဝဏ်လွှာကို         ဖတ်ကြားပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ ခွဲ(ရှမ်း/မြောက်)ဥက္ကဌ ဦးမျိုးကျော် က ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ဇော်အေးထံမှ  ပေးပို့သော  ရှမ်း ပြည်နယ်နေ့      သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက်    တိုင်းမှူးနှင့် တာဝန်ရှိသူများက   ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်     အခြေခံပညာ ကျောင်းပေါင်းစုံ    ပြိုင်ပွဲများတွင် ဆုရရှိကြသည့်     ကျောင်းသား ကျောင်းသူများ၊   ရှမ်းပြည်နယ် (အရှေ့ပိုင်း)    ဂုဏ်ဆောင်နှင့်  တက္ကသိုလ်ဂုဏ်ဆောင်      စံပြ ကျောင်းသား လူငယ်များ၊ နည်းပြ များ၊   မြို့အကျိုးဆောင်ဂုဏ်ပြု မှတ်တမ်းရရှိသူများ၊  စီမံထူးချွန် တံဆိပ်(ပထမအဆင့်) ရရှိသူများ နှင့် လူမှုရေးအသင်းအဖွဲ့အစည်း များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းများ      ပေးအပ်ချီးမြှင့် ကြသည်။
အကအဖွဲ့များဖျော်ဖြေ
ယင်းနောက် ရှမ်း၊ မြောင်ဇီး၊  လီဆူ၊ ပလောင်၊ လားဟူယဉ်ကျေး မှု   အကအဖွဲ့များဖြင့်   ဧည့်ခံ ဖျော်ဖြေကြသည်။ 
ထို့နောက်   တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းရင်းသားယဉ်ကျေးမှုပြခန်းနှင့် အစားအစာ ပြခန်းများအား    ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး    ခင်းကျင်းပြသ ထားသော   တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းများ၊ တိုင်းရင်း သားရိုးရာ   အစားအစာများဖြင့် စတုဒိသာ  ကျွေးမွေးဧည့်ခံနေမှု များကို    လှည့်လည်ကြည့်ရှု အားပေးကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)