လားရှိုးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ကျင်းပ

 

နေပြည်တော်   မေ  ၂၉


၂၀၂၂-၂၀၂၃   ပညာသင်နှစ်     ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ကို  ယနေ့  နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌   ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊   လားရှိုး တက္ကသိုလ်ပါမောက္ခချုပ်နှင့်  ဆရာ  ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ပြည်နယ် အဆင့်ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်ကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး ဆရာ ဆရာမများက   ကျောင်း အပ်နှံရေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က   အဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက   ဆရာ   ဆရာမများကို ထောက်ပံ့ငွေနှင့် ကျောင်းသား ကျောင်းသူများကို ကျောင်းဝတ်စုံများ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။  

                                         

သတင်းစဉ်