လားရှိုးခရိုင်နှင့် ကျောက်မဲခရိုင်အတွင်းရှိ မြို့နယ်များမှ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူ ၄၅၆၆ ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

 

နေပြည်တော်    မေ     ၂၉


ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး ခရိုင်နှင့် ကျောက်မဲခရိုင်အတွင်းရှိ လားရှိုး၊    သိန်းနီ၊     တန့်ယန်း၊ မိုင်းရယ်၊    ကွမ်းလုံ၊      သီပေါ၊ ကျောက်မဲမြို့နယ်များမှ ဒေသခံ ပြည်သူ ၄၅၆၆ ဦးအတွက် နိုင်ငံ သား စိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကို ယနေ့နံနက်ပိုင်းက   လားရှိုးမြို့  မြို့တော်ခန်းမ၌ပြုလုပ်ရာ ရှမ်း ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ  ကျော်ထွန်း၊    အရှေ့မြောက်တိုင်း စစ်ဌာနချုပ်   တိုင်းမှူး    ဗိုလ်ချုပ် နိုင်နိုင်ဦး၊   ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။

 


ဦးစွာ     ပြည်နယ်ဝန်ကြီးချုပ်   အမှာစကား    ပြောကြားသည်။ ထို့နောက် လားရှိုးခရိုင်၊ ကျောက်မဲ ခရိုင်အတွင်းရှိ     မြို့နယ်များမှ ရပ်ကွက်၊    ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူ စုစုပေါင်း ၄၅၆၆ ဦးအတွက်    နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ က  ပေးအပ်ရာ  ဒေသခံပြည်သူ အများက   လက်ခံယူပြီး   ခန်းမ အတွင်း ခင်းကျင်းပြသထားသော နိုင်ငံသား    စိစစ်ရေးကတ်ပြား ဆောင်ရွက်ပြီးစီးမှု      မှတ်တမ်း ဓာတ်ပုံများအား    လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိ သည်။                     

သတင်းစဉ်