
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ
ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့်
ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ
Under Secretary General Mr. Martin Griffiths ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ
နေပြည်တော် ဩဂုတ် ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Under Secretary General Mr. Martin Griffiths ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်း ရေးမှူးနှင့် ကုလသမဂ္ဂလူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ တော်တာဝန်များကို ထမ်းဆောင်ခဲ့မှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူ များလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင် ရေး ဆောင်ရွက်နေသည့်အခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်နေမှုနှင့် တိုင်းရင်း သားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် လိုအပ်လျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ နိုင်ငံတကာ တွင် သတင်းမှားများပျံ့နှံ့လျက်ရှိမှုနှင့် နိုင်ငံတကာ မှ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အခြေအနေမှန်များကို သိရှိရန် လိုအပ်လျက်ရှိသည့်အခြေအနေများ၊ မြန်မာ နိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားချိန်နှင့် မိုခါ မုန်တိုင်းဖြစ်ပွားချိန်တို့၌ ကုလသမဂ္ဂအပါအဝင် နိုင်ငံ တကာအဖွဲ့အစည်းများ၏ ကူညီပေးမှုများ နည်းပါး ခဲ့သည့်အခြေအနေများနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စရပ် များနှင့်စပ်လျဉ်း၍ ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင် မည့်အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်