
ပေကျင်း နိုဝင်ဘာ ၁၁
တရုတ်သမ္မတရှီကျင့်ဖျင်သည် လာမည့်သီတင်း ပတ်တွင် အင်ဒိုနီးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ပြီး ဂျီ-၂၀ နှင့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်မည်ဖြစ် ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
တရုတ်သမ္မတရှီသည် လာမည့် တနင်္လာ နေ့မှ စနေနေ့အထိ ဘာလီနှင့် ဘန်ကောက်မြို့ များသို့ သွားရောက်မည်ဖြစ်ကြောင်း ဝန်ကြီး ဌာနက နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာခဲ့ သည်။ ထိုသို့သွားရောက်စဉ် သမ္မတရှီသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့်လည်း ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၌ တွေ့ဆုံမည်ဖြစ် ကြောင်း ဝန်ကြီးဌာနက ပြောကြားသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် ဘိုင်ဒင်သမ္မတ ဖြစ်လာသည့်အချိန်မှစတင်ကာ ပထမဆုံး အကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမည်ဖြစ် ကြောင်း သိရသည်။ တရုတ် (တိုင်ပေ)၊ ယူကရိန်းနိုင်ငံတို့နှင့် ပတ်သက်ပြီး ဆွေးနွေး သွားဖွယ်ရှိကြောင်း ၎င်းတို့အနေဖြင့် ခန့်မှန်း ထားသည်။ ပြီးခဲ့သည့်လက တရုတ်ကွန်မြူနစ် ပါတီ၏ ခေါင်းဆောင်အဖြစ် မကြုံဖူးသည့် တတိယသက်တမ်းတစ်ခု စတင်သည့်အချိန်မှ စတင်ကာ သမ္မတရှီ၏ ပထမဆုံးပြည်ပ ခရီးစဉ် ဖြစ်မည်ဟု သိရသည်။
အင်န်အိတ်ချ်ကေ