
အူလန်ဘာတော နိုဝင်ဘာ ၂၅
မွန်ဂိုလီးယားနိုင်ငံ ဒေသ တော်တော်များများတွင် ညအပူ ချိန် အနုတ် ၃၉ ဒီဂရီစင်တီ ဂရိတ်မှ အနုတ် ၄၇ ဒီဂရီစင်တီ ဂရိတ်ရှိမည်ဖြစ်ကြောင်းခန့်မှန်း မှုနှင့်အတူ နိုဝင်ဘာ ၂၈ ရက်မှစကာ သီတင်းတစ်ပတ် လုံး အလွန် အအေးပိုလာမည်ဟု ခန့်မှန်းထားကြောင်း နိုင်ငံ မိုးလေဝသ အေဂျင်စီက နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။
မွန်ဂိုလီးယားနိုင်ငံ အရှေ့ ပိုင်းနှင့် အနောက်ပိုင်းဒေသများ တွင် ဆီးနှင်းများ ထူထပ်ပြီး မုန်တိုင်းများ ကျရောက်နိုင် သဖြင့် ပြည်သူများ အထူးသဖြင့် အိမ်ခြေမဲ့များနှင့် ယာဉ် မောင်းနှင်သူများကို ဖြစ်နိုင်ခြေ ရှိသည့် ဘေးအန္တရာယ်များကို သတိရှိကာကွယ်ရန် မိုးလေဝသ အေဂျင်စီ က တိုက်တွန်းထား သည်။
မွန်ဂိုလီးယား ရာသီဥတု သည် အေးခဲသည့်ဆောင်းရာသီ ကြာရှည်မှုနှင့်အတူ ကုန်းမြင့်များ ထူထပ်ပြီး ဆောင်းရာသီတွင် အပူချိန် အနုတ် ၂၅ ဒီဂရီစင်တီ ဂရိတ်ရှိကြောင်း သိရသည်။ တစ် နှစ်ပတ်လုံး နိုင်ငံအတွင်း ရာသီ ဥတု မတည်ငြိမ်မှုဖြစ်ပေါ်လေ့ရှိ ကြောင်း သိရသည်။
ဆင်ဟွာ