လာမည့်ငါးနှစ်အတွင်း ဂျပန်နိုင်ငံက အိန္ဒိယနိုင်ငံ၌ အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်

 

နယူးဒေလီ   မတ်   ၂၀
လာမည့်ငါးနှစ်တာကာလအတွင်း ဂျပန်နိုင်ငံသည် အိန္ဒိယနိုင်ငံ၌   အမေရိကန်ဒေါ်လာ   ၄၂  ဘီလီယံကို  ရင်းနှီးမြှုပ်နှံသွားမည်ဟု အိန္ဒိယဝန်ကြီးချုပ် နာရန် ဒရာမိုဒီ က  မတ်  ၁၉  ရက်က ကြေညာခဲ့သည်။ 
ဂျပန်ဝန်ကြီးချုပ်    ဖူမီယို ကီရှီဒါ    လာရောက် လည်ပတ်စဉ်အတွင်း  ယခုကဲ့သို့   ကြေညာခဲ့ခြင်း ဖြစ်သည်။    အစည်းအဝေးအပြီး     မီဒီယာများနှင့် တွေ့ဆုံစဉ်    နှစ်နိုင်ငံကြားတွင်   စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု        တိုးတက်လာစေရေးအတွက် ပြောကြားခဲ့ကြသည်။ ၂၀၁၄ ခုနှစ်က ကြေညာခဲ့ သည့် အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ ရင်းနှီးမြှုပ်နှံ မည့်အစီအစဉ်မှာ   သတ်မှတ်ထားသည့်   ရည်မှန်း ချက်အတိုင်း   ပြည့်မီသွားပြီဖြစ်ကြောင်း  ထုတ်ဖော် ပြောကြားခဲ့သည်။ 
ထို့ပြင် ၎င်းတို့ နှစ်ဦး တွေ့ဆုံစဉ်အတွင်း ဒေသ တွင်းနှင့်   တစ်ကမ္ဘာလုံးဆိုင်ရာ  အရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ ဆိုက်ဘာလုံခြုံရေး၊ မြို့ပြဒေသ   ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဂျပန်နည်းပညာဖြင့် ရေဆိုးသန့်စင်နည်းစနစ်   စီမံခန့်ခွဲမှု  အစရှိသည့်       နားလည်မှုစာချွန်လွှာ သုံးခုတွင်လည်း   လက်မှတ် ရေးထိုးခဲ့ကြသည်ဟု  အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာန အတွင်းဝန် ဟာ့ရှ်ရှရင်ဂါက ပြောသည်။                                        
ဆင်ဟွာ