လာမည့်နှစ်များအတွင်း ကမ္ဘောဒီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်ပိုမိုတင်ပို့နိုင်ဖွယ်ရှိဟုဆို

 

ဖနောင်ပင်   နိုဝင်ဘာ   ၅


ယခုနှစ်အစောပိုင်း၌  ဒေသတွင်း  ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု  သဘောတူညီချက် (အာရ်စီ အီးပီ) နှင့် ကမ္ဘောဒီးယား - တရုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်  (စီစီအက်ဖ်တီအေ) တို့အရ လာမည့်နှစ်များအတွင်း  ကမ္ဘောဒီးယားနိုင်ငံ မှ တရုတ်နိုင်ငံသို့ ဆန်ပိုမိုတင်ပို့နိုင်ဖွယ်ရှိကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ်  (စီအာရ်အက်ဖ်) မှ ဥက္ကဋ္ဌဖြစ်သူ ဆောင်ဆာရန်က ပြောသည်။ 

 


စီအာရ်အက်ဖ်၏  နိုဝင်ဘာ ၅  ရက်  ထုတ်ပြန် ချက်တစ်ခုတွင်      တရုတ်နိုင်ငံသည်      ယခုနှစ်  ပထမ  ၁၀  လအတွင်း       ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်စပါးကို   အဓိကဝယ်ယူသူအဖြစ်  ဆက်လက်ရှိ နေကြောင်း    ဖော်ပြထားသည်။     လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်က ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့အကြား ကုန်စည်စီးဆင်းမှုကို လွယ်ကူ ချောမွေ့စေမည်ဖြစ်သလို     ကမ္ဘောဒီးယားနိုင်ငံ၏ ထုတ်ကုန်များလည်း ပိုမိုကြီးမားသော ဈေးကွက်ကို ဝင်ဆံ့နိုင်ရန်         အထောက်အပံ့ပေးနိုင်မည်ဖြစ် ကြောင်း၊  ထိုအချက်က   အာရ်စီအီးပီအဖွဲ့ဝင်နိုင်ငံ များထံသို့     ကုန်ချောများ    တင်ပို့နိုင်ရန်အလို့ငှာ ဆန်လုပ်ငန်းအပါအဝင်  နိုင်ငံတွင်းရှိ ကဏ္ဍအသီးသီး ၌   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို    ပိုမိုဆွဲဆောင်နိုင် မည်ဖြစ်ကြောင်း ဆာရန်က ပြောသည်။ 

 


ဇန်နဝါရီလမှ  အောက်တိုဘာလအထိ   ကမ္ဘော ဒီးယားနိုင်ငံသည်   နိုင်ငံတကာဈေးကွက်သို့    ဆန် တန်ချိန် ၅၀၉၂၄၉ တန်  တင်ပို့နိုင်ခဲ့ပြီး   ယခင်နှစ်က ထက် ၁၀ ဒသမ ၆ ရာခိုင်နှုန်း  မြင့်တက်လာကြောင်း နှင့် အဆိုပါ ဆန်စပါးတင်ပို့မှုမှ  အမေရိကန်ဒေါ်လာ ၃၂၄ သန်း    ဝင်ငွေရရှိကြောင်း   သိရသည်။    ထို ဆန်စပါးများကို  နိုင်ငံနှင့် ဒေသပေါင်း  ၅၆ ခုနှစ်သို့  တင်ပို့နိုင်ခဲ့ကြောင်းလည်း သိရသည်။    

ဆင်ဟွာ