
ဘန်ဒါဆရီဘီဂါဝန် မတ် ၁၆
ဘရူနိုင်းနိုင်ငံတွင် စိုက်ပျိုးရေး နှင့် ငါးဖမ်းလုပ်ငန်းကဏ္ဍမှာ တိုးမြင့်လာပြီး လာမည့်နှစ် အနည်းငယ်အတွင်း ဘရူနိုင်း ဒေါ်လာ ၁ ဘီလီယံ(အမေရိကန် ဒေါ်လာ သန်း ၇၄၀) ရရှိရန် မျှော်မှန်းထားကြောင်း မူလအရင်း အမြစ်နှင့် ခရီးသွားလာရေးဝန်ကြီး ဟာဂျီ အက်ဒယ် မာနက်ဖ်က ပြောကြားသည်။
ပြီးခဲ့သည့်နှစ်က ဘရူနိုင်းဒေါ်လာ
၈၅၇ သန်းအထိ တိုးလာ
စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်း ကဏ္ဍမှ ၂၀၂၁ ခုနှစ်က ဘရူနိုင်း ဒေါ်လာ ၇၈၁ သန်းရရှိရာမှ ပြီးခဲ့ သည့်နှစ်က ဘရူနိုင်းဒေါ်လာ ၈၅၇ သန်းအထိ တိုးလာကြောင်း ဝန်ကြီးက ပြောကြားသည်။
ဘရူနိုင်းနိုင်ငံသည် ပြီးခဲ့သည့် နှစ် နိုဝင်ဘာလက ကြက်ဥကဲ့သို့ သော ထုတ်ကုန်များကို စင်ကာပူ နိုင်ငံသို့ စတင် တင်ပို့ခဲ့ကြောင်း ဝန်ကြီးက ပြောကြားသည်။
ဆင်ဟွာ