
နယူးယောက် ဧပြီ ၂၃
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တို နီယိုဂူတာရက်စ်သည် ဧပြီ ၂၆ ရက်နှင့် ၂၈ ရက် တို့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၂ ရက်တွင် ပြောကြားသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် ဧပြီ ၂၆ ရက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်နှင့် အလုပ်သဘော တွေ့ဆုံပြီး နေ့လယ်စာ သုံးဆောင် မည်ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောရေး ဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရက်စ်က ပြောကြားသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် ယူကရိန်းနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်တွင်လည်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာနှင့် အလုပ် သဘောတွေ့ဆုံမည်ဖြစ်ပြီး ကုလသမဂ္ဂအေဂျင်စီ၏ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ယူကရိန်းပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များကို တိုးမြှင့်ပေးရေး ဆွေးနွေးမှုပြုလုပ်မည်ဖြစ် ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေး ဆိုခွင့်ရှိသူ ဒူဂျာရက်စ်က ပြောကြားသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် ဧပြီ ၁၉ ရက် နေ့လယ် ပိုင်းက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို မော်စကို မြို့၌ ၎င်းအားတွေ့ဆုံရန် တောင်းဆိုထားသည့် သီးခြားစာစောင်နှင့် ယူကရိန်းသမ္မတ ဇီလန်စကီးကို လည်း ကိယက်မြို့၌ ၎င်းအားတွေ့ဆုံရန် တောင်းဆို ထားသည့် သီးခြားစာစောင်များကို ကုလသမဂ္ဂ ဆိုင်ရာ ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့၏ အမြဲတမ်း မစ်ရှင်များထံ ပေးပို့ခဲ့ကြောင်း ဧပြီ ၂၀ ရက်က ပြောကြားခဲ့သည်။
ဆင်ဟွာ