
ဖနောင်ပင် နိုဝင်ဘာ ၃
လာမည့်အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွင်း လုံခြုံရေးနှင့် ပြည်သူလူထု ၏ အိုးအိမ်စည်းစိမ်ကို ထိန်းသိမ်းရန် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂၀၀၀ ကျော် ဖြန့်ကြက်ချသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဒုတိယရဲချုပ်နှင့် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ချက်ဟေးကင်ခိုအန်း က နိုဝင်ဘာ ၃ ရက်တွင် ပြောကြားလိုက်သည်။
အကြိမ် (၄၀) နှင့် (၄၁) ကြိမ်မြောက် အာဆီယံ အစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ မြို့တော်ဖနောင်ပင် တွင် ကျင်းပမည်ဖြစ်သည်။
မိမိတို့အတွက် လုံခြုံရေးသည် ထိပ်တန်းဦးစား ပေးကိစ္စဖြစ်ကြောင်း၊ နိုင်ငံခြားခေါင်းဆောင်များ၏ဘေးကင်းလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂၀၀၀ ကျော် ဖြန့်ကြက်ချထားရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
လာမည့်အာဆီယံအစည်းအဝေးသည် ယခုနှစ်၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော ကမ္ဘောဒီးယား နိုင်ငံအတွက်သာမက အာဆီယံတစ်ခုလုံးနှင့် ဆွေးနွေး ဖက်နိုင်ငံများအတွက် မဟာဗျူဟာမြောက် အရေးကြီး သည့် အစည်းအဝေးဖြစ်ကြောင်း ၎င်းကပြောသည်။
ကိုဗစ်ကပ်ရောဂါအလွန် စီးပွားရေးပြန်လည် ရှင်သန်ရေးကြိုးစားမှုများ၊ လုံခြုံရေးကိစ္စရပ်များ၊ ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီဈေးနှုန်းများနှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်စေခဲ့သည့်အကြောင်းတရားများ၊ ရာသီဥတုပြောင်းလဲမှုများနှင့် တခြားအကြောင်းအရာများကို အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ