လာမည့် ရှစ်ရက်အတွင်း မြို့တော်ဂျကာတာ၌ မိုးသည်းထန်စွာရွာနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်

 

ဂျကာတာ ဖေဖော်ဝါရီ    ၂၉

အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒအေဂျင်စီ (ဘီအမ် ကေဂျီ) သည် လာမည့် ရှစ်ရက်အတွင်း မြို့တော်ဂျကာတာတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းနိုင်ခြေရှိမှုနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၉ ရက်တွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။ 
ဘီအမ်ကေဂျီ၏   မိုးလေဝသဌာန    လက်ထောက်အကြီးအကဲ ဂူဆွမ်တိုက မတ် ၁ ရက်မှ ၈ ရက်ကြားတွင် မိုးသည်းထန်စွာရွာသွန်းမှု နှင့် လေပြင်းတိုက်ခတ်မှုများက   မြို့တော်ဂျကာတာတွင်  ဖြစ်ပွားနိုင် ကြောင်းပြောသည်။ 
ဖေဖော်ဝါရီ   ၂၉  ရက်တွင်   မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့တော် ဂျကာတာရှိ လမ်းပေါင်း ၃၄ ခုထက်မနည်းမှာ ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။
ထို့အပြင် ယာဉ်ကြောပိတ်ဆို့မှုများကို   ဖြစ်ပေါ်စေခဲ့ကြောင်းနှင့် အချို့ဒေသမှ ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း     ဂျကာတာသဘာဝဘေးလျော့ပါးရေး   အေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။                                                                                                       
 ဆင်ဟွာ