လာမည့် ခရီးသွားရာသီအတွက် မြန်မာနိုင်ငံအတွင်း ဦးစားပေးလည်ပတ်နိုင်သည့် ခရီးစဉ်ဒေသ ၁၄ ခု ထုတ်ပြန်

 

နေပြည်တော်   စက်တင်ဘာ   ၂၁


မြန်မာနိုင်ငံ၏ ခရီးသွားရာသီ မကြာမီစတင်တော့ မည်ဖြစ်ရာ    ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသများ၊ သဘာဝအခြေခံခရီးသွား လုပ်ငန်းများနှင့် သာယာလှပသည့် ခရီးစဉ်ဒေသများစွာ ပိုင်ဆိုင်ထား သည့် မြန်မာနိုင်ငံသို့  လာရောက်လည်ပတ်ကြမည့် ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ဦးစားပေး သွားရောက်လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသ ၁၄ ခု ကို ဟိုတယ်နှင့်  ခရီးသွားလာရေးဝန်ကြီးဌာနက အကြံပြုချက်ထုတ်ပြန်ထားသည်။


သမိုင်းဝင်ဘုရားစေတီပုထိုးများ၊ ရှေးဟောင်းအ‌မွေအနှစ်အဆောက်အအုံများ၊ တိုင်းရင်းသားလူမျိုး ပေါင်းစုံတို့၏   ရိုးရာယဉ်ကျေးမှု   ဓလေ့စရိုက်များ၊ သာယာလှပကောင်းမွန်သည့် ရာသီဥတုနှင့် တော တောင် ရေမြေသဘာဝများဖြင့် ပြည့်စုံကြွယ်ဝသည့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအဖြစ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊
ပြင်ဦးလွင်၊ အင်းလေး၊ ကလော-တောင်ကြီး၊ ကော့ သောင်း၊ ကျောက်ဖြူ၊ မာန်အောင်၊ ပူတာအို စသည့် ခရီးစဉ်ဒေသ ၁၄ ခုတို့၏   ခရီးသွားဆွဲဆောင်ရာ နေရာများသို့ ဦးစားပေးသွားရောက်လည်ပတ်နိုင်ရန် ဝန်ကြီးဌာနက အကြံပြုထားသည်။ 
အဆိုပါခရီးစဉ်ဒေသ ၁၄ ခု၏ ဒေသတစ်ခုချင်းစီ အလိုက်     ခရီးသွားဆွဲဆောင်ရာနေရာများနှင့် သွားလာလည်ပတ်ရာတွင်    ဆောင်ရွက်နိုင်မည့် ဖော်ပြချက်များကို   ဟိုတယ်နှင့်   ခရီးသွားလာရေး ဝန်ကြီးဌာန၏  website   များဖြစ်သော   www.tourism. gov.mm နှင့် www.tourisminmyanmar. com တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့    ပွင့်လင်းရာသီကာလတွင် အလည်အပတ်ခရီးသွားရန် အကောင်းဆုံးဖြစ်သော် လည်း  ပထဝီဝင်အနေအထားအရ   မြန်မာပြည် မြောက်ဖျားပိုင်းတွင် နှင်းဖုံးသော ကချင်တောင်တန်း များ၊ အလယ်ပိုင်းတွင် ပုဂံရှေးဟောင်းအမွေအနှစ် ဒေသနှင့် ပုပ္ပားတောင်ခရီးစဉ်ဒေသ၊ တောင်ဘက်ပိုင်း တွင် မြိတ်ကျွန်းစု၊ ငပလီ၊ ငွေဆောင်၊ ဂွ ကဲ့သို့သော သာယာလှပသည့် ပင်လယ်ကမ်းခြေ ခရီးစဉ် ဒေသ များကိုပိုင်ဆိုင်ထားသဖြင့် တစ်နှစ်ပတ်လုံး အပန်းဖြေ လည်ပတ်နိုင်သည့်ခရီးစဉ်ဒေသများစွာ ရှိသည်။ 


လာမည့်ခရီးသွားရာသီတွင် ကမ္ဘာလှည့်ခရီးသွား များ ပိုမိုလွယ်ကူစွာလာရောက်လည်ပတ်နိုင်စေရေး အတွက် ပြည်ဝင်ခွင့်ဗီဇာစနစ်နှင့် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိရာ တရုတ်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာလျှောက်ထားမှုကို ၂၀၂၃ ခုနှစ် ဩဂုတ် ၃၀ ရက်က စတင်ခွင့်ပြုပေးခဲ့ကြောင်း သိရ သည်။ ထို့အတူ  ဝန်ကြီးဌာနအနေဖြင့်   လိုင်စင်ရ ခရီးသွားကုမ္ပဏီများ၏စီစဉ်မှုဖြင့်     လာရောက် လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များအား ခရီး စဉ် အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းဆောင်ရွက်ပေး လျက်ရှိရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင်လ ကုန်အထိ ကမ္ဘာလှည့်ခရီးသည်ပေါင်း ၇၁၆၂ ဦးတို့၏ ခရီးစဉ်များကို ညှိနှိုင်းဆေင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၏ စာရင်းဇယားများအရ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်းခရီးစဉ်များ နှင့် နယ်စပ်ဝင်ထွက်ဂိတ်များမှတစ်ဆင့် လာရောက် သည့် ကမ္ဘာ့လှည့်ခရီးသည် စုစုပေါင်း ၉၂၀၂၅ ဦး ရှိခဲ့ ပြီး ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နှစ်ရာခိုင် နှုန်းအောက်   ကျဆင်းလာမှုနှင့်အတူ   လာမည့် ပွင့်လင်းရာသီတွင် ကမ္ဘာလှည့်ခရီးသွား ပိုမိုလာရောက် လာပတ်မည်ဟု မျှော်လင့်ရသည်။    

သီဟစည်သူ