လာဇီယိုအသင်းကို အနိုင်ရပြီး အင်တာမီလန်အသင်း ကိုပါအီတာလီယာဖလား (၁၀)ကြိမ်မြောက် ဆွတ်ခူး

 

 

အင်တာမီလန်အသင်းဟာ မေ ၁၄ ရက် နံနက်ပိုင်းက လာဇီယိုအသင်းနဲ့  ယှဉ်ပြိုင်ကစားခဲ့တဲ့  ကိုပါ အီတာလီယာဖလားဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့ပြီး ကိုပါအီတာလီယာဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ အင်တာမီလန်အသင်းက နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး အင်တာမီလန်အသင်း အတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၁၄ မိနစ်မှာ တူရမ်ကတစ်ဂိုး၊ ၃၅ မိနစ်မှာ မာတီနက်ဇ်က တစ်ဂိုးအသီးသီးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

 

အခုပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး    သွင်းယူပေးခဲ့တဲ့    တိုက်စစ်မှူး မာတီနက်ဇ်ဟာ ယခုဘောလုံးရာသီမှာ အင်တာမီလန်အသင်းနဲ့အတူ ပြိုင်ပွဲစုံ သွင်းဂိုး ၂၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

အင်တာမီလန်အသင်းဟာ    လာဇီယိုအသင်းကို  အနိုင်ရရှိပြီး ကိုပါအီတာလီယာဖလားကို ဆွတ်ခူးနိုင်ခဲ့ တာကြောင့် ယခုဘောလုံးရာသီမှာ အီတလီစီးရီးအေဖလားအပါအဝင် ပြည်တွင်းဆုဖလားနှစ်လုံးကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပြီး အီတလီစီးရီးအေဖလားကိုတော့ (၂၁)ကြိမ် မြောက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

 

အင်တာမီလန်အသင်းဟာ အခုလို ကိုပါအီတာလီယာဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဟာ ၂၀၂၃ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့တာဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ကိုပါအီတာလီယာ ဖလားကို (၁၀)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ငွေကြယ်