လားဟူတိုင်းရင်းသားများ၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကို တာလေမြို့အတွင်းရှိ လားဟူတိုင်းရင်းသားကျေးရွာများ၌ ပျော်ရွှင်စွာကျင်းပလျက်ရှိ

 

တာလေ ဇန်နဝါရီ  ၂    


လားဟူတိုင်းရင်းသားများ၏ ရိုးရာ  နှစ်သစ်ကူးပွဲတော်ကို  ရှမ်းပြည် နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့အတွင်းရှိ   လားဟူ တိုင်းရင်းသားများ   နေထိုင်သော ကျေးရွာများ၌ ပျော်ရွှင်စွာကျင်းပ လျက်ရှိကြောင်း သိရသည်။


အဆိုပါ လားဟူတိုင်းရင်းသား များ၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကို ထင်းရှူးပင်များ   အဖူးဖူးသည့် အချိန်၊ ချယ်ရီပန်း၊ မက်မန်းပန်းနှင့် မက်မွန်ပန်းများ  အပွင့်ပွင့်သည့် အချိန်တွင် ကျင်းပကြပြီး နှစ်စဉ် တပို့တွဲလဆန်း ၁ရက်မှ စတင်ကာ ပျော်ရွှင်စွာ   ကျင်းပကြကြောင်း လည်း သိရသည်။


ထိုသို့      နှစ်သစ်ကူးပွဲတော် ကျင်းပချိန်တွင်        မိမိထက် သက်ကြီး၊ ဝါကြီးပုဂ္ဂိုလ်များအား အေးချမ်းစေကြောင်း   အနက် အဓိပ္ပာယ်ဆောင်သည့် လက်ဆေး ပေးခြင်းမင်္ဂလာကို ပြုလုပ်ကြပြီး  တစ်နှစ်ပတ်လုံး စိုက်ပျိုး၊ မွေးမြူ ထားသော ဆန်၊ ဟင်းသီးဟင်းရွက် နှင့် တိရစ္ဆာန်များကို   ချက်ပြုတ် ၍လည်းကောင်း၊ ကောက်ညှင်း ဆန်များကို      ခေါပုတ်အဖြစ်သို့ ထောင်း၍လည်းကောင်း၊   နှစ်သစ် ကူးပွဲတော်သို့ လာရောက်လည်ပတ် သူများအား တည်ခင်းဧည့်ခံလေ့ ရှိပြီး    ခေါပုတ်နှင့်    ဝက်သား ကို      နှစ်သစ်ကူးလက်ဆောင် အဖြစ်     ပေးအပ်လေ့ရှိကြောင်း သိရသည်။


ယင်းအပြင် လားဟူတိုင်းရင်း သားကျေးရွာများ၌  ထင်းရှူးပင်၊ ချယ်ရီပန်း၊   မက်မန်းပန်းနှင့် မက်မွန်ပန်းများကို   ဝါးတိုင်တွင် ချည်၍လည်းကောင်း၊      စပါး၊ ကောက်ညှင်းနှင့်      အခြားသီးနှံ မျိုးစေ့များ         ထည့်ထားသည့် တောင်းများကို  စားပွဲအထက်တွင် တင်၍လည်းကောင်း      မနက် နေထွက်သည်မှ    နေဝင်ချိန်အထိ ကျေးရွာနေ       တိုင်းရင်းသားများ နှင့် လာရောက်လည်ပတ်သူများ က  လားဟူတိုင်းရင်းသားများ၏ အိုးစည်၊   ဗုံမောင်း၊  ပလွေများ တီးမှုတ်ကာ   ဝိုင်းဝန်းကကြပြီး(ဝဲပုံ) လိုရာဆုကို       တောင်းကြကြောင်း လည်း သိရသည်။


ထိုသို့ပြုလုပ်ခြင်းဖြင့် လားဟူ တိုင်းရင်းသားများ၏ ကျန်းမာရေး၊ ပညာရေး၊        စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ        ပိုမိုတိုးတက် ကောင်းမွန်ကာ  တိုင်းရင်းသား အချင်းချင်း ပိုမိုချစ်ခင်စည်းလုံးမှု ရှိသဖြင့် နှစ်စဉ်လားဟူတိုင်းရင်း သားရိုးရာ   နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာကျင်းပကြပြီး တာလေ မြို့အတွင်းရှိ နားယောင်း၊ ဗေသလ ဟောင်း၊     မယ်ပိန်း၊   ရန်ကင်း(၂)၊   နားအွန်    စသည့်   ကျေးရွာများ နှင့်    လားဟူတိုင်းရင်းသားများ နေထိုင်သည့်   ကျေးရွာများတွင်  ပျော်ရွှင်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။


ယဉ်ယဉ်ဝင်း(ပြန်/ဆက်)