လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

 

နေပြည်တော်    ဇူလိုင်   ၁၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ရောက်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးဆောင်ရွက်ခဲ့သည့်   လားဟူဒီမိုကရက်တစ်အစည်း အရုံး(LDU) အထွေထွေအတွင်းရေးမှူး ကျာဆော် လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့သည်   ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်မှ ရှမ်းပြည်နယ် တာချီလိတ်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသည်။ 

 


အဆိုပါ    လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)  အထွေထွေအတွင်းရေးမှူး   ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား   အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များနှင့်  တာဝန်ရှိသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန  အနုပညာ ဦးစီးဌာနမှ   တိုင်းရင်းသား   တိုင်းရင်းသူများ၊  ဌာန ဆိုင်ရာ ဝန်ထမ်းများ၊  ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံပြည်သူများက  ထာဝရငြိမ်းချမ်းရေးကို ရရှိ ရေးသည်  ပြည်သူတစ်ရပ်လုံး၏  ဆန္ဒအစစ်အမှန် ဖြစ်သည်၊      ငြိမ်းချမ်းရေးရရှိရေးသည်   နိုင်ငံသား အားလုံး၏ ဆန္ဒအမှန် ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့  တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသား တွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ စသည့် စာသားပါ    ဆိုင်းဘုတ်များ   ကိုင်ဆောင်၍လည်း ကောင်း၊    နိုင်ငံတော်အလံငယ်များ   ကိုင်ဆောင်၍ လည်းကောင်း နေပြည်တော်လေဆိပ်၌  ပို့ဆောင် နှုတ်ဆက်ကြသည်။

 


ထို့နောက် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) အထွေထွေအတွင်းရေးမှူး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် တာချီလိတ် လေဆိပ်သို့  ရောက်ရှိကြရာ  တာချီလိတ်တပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပါတီနိုင်ငံ ရေးအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံတိုင်းရင်းသားပြည်သူများက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ   တစ်နိုင်ငံလုံးငြိမ်းချမ်းရေး ဆောင်ရွက်မှုများ  အောင်မြင်ပါစေ၊    ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို    ကြိုဆို ထောက်ခံပါသည်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲအောင်ရမည်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထောက်ခံပါသည် စသည့်   စာသားပါ    ဆိုင်းဘုတ်များကိုင်ဆောင်၍ လေဆိပ်တွင် ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်