လာအိုသမ္မတ သောင်လွန်း ဆစ်စိုလစ် နိုဝင်ဘာ ၂၉ ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်မည်

 

ပေကျင်း   နိုဝင်ဘာ  ၂၄


လာအိုပြည်သူ့တော်လှန်ရေးပါတီဗဟိုကော်မတီ   အထွေထွေအတွင်း ရေးမှူးနှင့် လာအိုသမ္မတ သောင်လွန်း ဆစ်စိုလစ်သည် တရုတ်ကွန်မြူနစ် ပါတီ (စီပီစီ)  ဗဟိုကော်မတီ   အထွေထွေအတွင်းရေးမှူးနှင့်  တရုတ် သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁  ရက်အထိ   တရုတ်နိုင်ငံသို့  နိုင်ငံတော်ခရီးစဉ်  သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

 


စီပီစီဗဟိုကော်မတီ၏   နိုင်ငံတကာဌာနမှ   ပြောရေးဆိုခွင့်ရှိသူ ဟူကျောက်မင်းက နိုဝင်ဘာ ၂၄ ရက်တွင် ထိုသို့ ကြေညာချက်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။                             

ဆင်ဟွာ