
ဗီယင်ကျန်း မတ် ၂၃
လာအိုကျန်းမာရေး ဝန်ကြီးဌာန က နိုင်ငံတစ်ဝန်း သွေးလွန် တုပ်ကွေးရောဂါ ကူးစက်ခံရသူ အရေအတွက် ဆက်လက်တိုးလာ ခြင်းကြောင့် နိုင်ငံတစ်ဝန်း ပြည်သူများ သွေးလွန်တုပ်ကွေး ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရာ တွင် ကူညီပေးရန်နှင့် နိုးနိုး ကြားကြားရှိရန် တိုက်တွန်းထား သည်။
နိုင်ငံအတွင်း သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားသူသစ် ၁၀ ဦး တွေ့ရှိသဖြင့် စုစုပေါင်း ရောဂါကူးစက်ခံရသူ ၆၇၀ ရှိပြီ ဖြစ်ကြောင်း လာအိုကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ကျန်းမာ ရေးဆိုင်ရာ သတင်းအချက် အလက်နှင့် ပညာရေးစင်တာ က မတ် ၂၃ ရက်တွင် ထုတ်ပြန် သော အစီရင်ခံစာ၌ ဖော်ပြ ထားသည်။
လာအိုနိုင်ငံ မြို့တော်ဗီယင် ကျန်း၌ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု ၁၁၆ ဦးဖြင့် ရောဂါကူးစက်မှု အရေအတွက် မှာ အများဆုံးဖြစ်ပြီး အူဒိုမစ် ပြည်နယ်တွင် ၉၇ ဦးနှင့် ခမ်းမွမ် ခရိုင်တွင် ၆၄ ဦး ရှိကြောင်း သိရသည်။
ဆင်ဟွာ