
ဗီယင်ကျန်း ဒီဇင်ဘာ ၂၀
လာအိုနိုင်ငံသည် ယခုနှစ် နိုဝင်ဘာလတွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၄၅ သန်း အထိ စံချိန်တင်ရှိကြောင်း လာအို ကုန်သွယ်ရေး ပေါ်တယ်ဝက်ဘ် ဆိုက်မှ နောက်ဆုံးထုတ်ပြန်သော အချက်အလက်အရ သိရသည်။
ကုန်ပစ္စည်းများ တင်ပို့ခြင်းနှင့် တင်သွင်းခြင်း ပြုလုပ်ရာတွင် တရုတ် - လာအို ရထားလမ်းကို အသုံးပြုသောကြောင့် လွယ်ကူ ချောမွေ့မှုရှိသည့်အပြင် အချိန် ကုန်သက်သာခြင်းနှင့် ငွေကုန် ကြေးကျ သက်သာကြောင်း ဒီဇင်ဘာ ၂၀ ရက်တွင် လာအို ကုန်သွယ်ရေး ပေါ်တယ်ဝက်ဘ် ဆိုက်၏ ထုတ်ပြန်ချက်အရ သိရ သည်။
နိုဝင်ဘာလတွင် စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေ ရိကန်ဒေါ်လာ ၁၀၈၃ သန်းရှိပြီး ထိုထဲမှ အမေရိကန်ဒေါ်လာ ၅၁၉ သန်းမှာ ပို့ကုန်ဝင်ငွေဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅၆၄ သန်း မှာ သွင်းကုန်ဝင်ငွေဖြစ်ကြောင်း သိရသည်။ လာအိုနိုင်ငံ၏ အဓိက ပို့ကုန်များမှာ သစ်သားပျော့ဖတ်၊ ပိုတက်ဆီယမ်ဆား၊ ရွှေသတ္တုရိုင်း၊ အဝတ်အစား၊ သကြား၊ ဖိနပ်၊ ငှက်ပျောသီး စသည်တို့ဖြစ်ပြီး အဓိကသွင်းကုန်များမှာ ဒီဇယ်၊ သံမဏိနှင့် သံထည်ပစ္စည်းများ၊ ဓာတ်ဆီ၊ ပလတ်စတစ်ထုတ်ကုန် များ၊ လျှပ်စစ်ပစ္စည်းများ၊ ကားအပို ပစ္စည်းများ စသည်တို့ဖြစ်သည်။
တရုတ်နိုင်ငံသည် ဗီယက်နမ် နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ပြီးနောက် လာအိုနိုင်ငံအတွက် ထိပ်တန်း ပို့ကုန်နိုင်ငံအဖြစ် ဆက်လက် ရှိနေသည်။ လာအိုနိုင်ငံ၏ အဓိက သွင်းကုန်နိုင်ငံများတွင် ထိုင်း၊ တရုတ်၊ ဆွစ်ဇာလန်၊ ဗီယက်နမ် နှင့် အမေရိကန်နိုင်ငံတို့ ပါဝင် သည်။ ဆင်ဟွာ