
တိုကျို ဒီဇင်ဘာ ၁၀
ဂျပန်ဘီလီယံနာသူဌေးတစ်ဦးဖြစ်သူ မဲ့ဇဝါ ယုဆာကူသည် လာမည့်နှစ် တွင် ထွက်ခွာရန် စီစဉ်ထားသော လကိုပတ်မည့် အာကာသခရီးစဉ် အတွက် ၎င်းနှင့်အတူ လိုက်ပါရန် အဖွဲ့ဝင်များကို ရွေးချယ်ထားပြီးဖြစ် ကြောင်း သိရသည်။
လ ပတ်ခရီးစဉ်အတွက် လိုက်ပါမည့် အဖွဲ့ဝင်ရှစ်ဦးကို မဲ့ဇဝါက ဒီဇင်ဘာ ၉ ရက်တွင် တွစ်တာပေါ်၌ ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ အဖွဲ့ဝင်ရှစ်ဦးကို လျှောက်ထားသူ တစ်သန်းကျော်ထဲမှ စိစစ်ရွေးချယ်ခဲ့ ခြင်းဖြစ်ကြောင်းနှင့် စပေ့အိတ်စ်၏ စတားရှစ်အာကာသယာဉ်ဖြင့် လ ပတ်ခရီးစဉ်ကို သွားမည်ဖြစ်ကြောင်း သိရသည်။
စုစုပေါင်း ခြောက်နိုင်ငံမှဖြစ်
လ ပတ်ခရီးစဉ်ကို လိုက်ပါမည့် အဖွဲ့ဝင်ရှစ်ဦးတွင် တောင်ကိုရီးယား နိုင်ငံ အမျိုးသားဂီတ BIGBANG အဖွဲ့မှ T.O.P နှင့် ဂရမ်မီဆန်ခါတင် စာရင်းဝင် အမေရိကန်ဒီဂျေ စတိဗ် အယိုကီတို့ ပါဝင်သည်ဟု ဆိုသည်။ အဆိုပါ အဖွဲ့ဝင်များသည် အိန္ဒိယ၊ ချက်နိုင်ငံတို့ အပါအဝင် စုစုပေါင်း ခြောက်နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။
ရက်သတ္တပတ်ကြာမြင့်ဖွယ်ရှိ
မဲ့ဇဝါသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတကာအာကာသ စခန်းသို့ ၁၂ ရက်ကြာ ခရီးထွက်ပြီးနောက် အာကာသစခန်းသို့ လည်ပတ်သည့် ပထမဆုံးအရပ်သား ဂျပန်နိုင်ငံသား ဖြစ်လာခဲ့သည်။ ၎င်း၏ ယခု လပတ် ခရီးစဉ်သည် ရက်သတ္တပတ်ကြာမြင့်ဖွယ်ရှိ ကြောင်း ခန့်မှန်းထားသည်။
အင်န်အိတ်ချ်ကေ