ကွယ်လွန်သူ ပန်းချီဆရာကြီး ဦးခင်မောင်စန်း(မန္တလေး) တစ်နှစ်ပြည့် အမှတ်တရ (၁) ပန်းချီပြပွဲကျင်းပမည်

 

မန္တလေး  ဖေဖော်ဝါရီ   ၃ 


ပန်းချီပန်းပု   ကျောင်းအုပ်ကြီး (ငြိမ်း) ဦးခင်မောင်စန်း (မန္တလေး) ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အထိမ်း အမှတ် ပန်းချီပြပွဲကို ဖေဖော်ဝါရီ ၅ ရက်မှ ၇ ရက်ထိ   မန္တလေး တောင် ပန်းချီပြခန်းတွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်သည်။   ပွဲစီစဉ်သူ မှာ ဆရာကြီး   ဦးခင်မောင်စန်း ၏ ဇနီး ဆရာမ  ဒေါ်ခင်နန်းဆန်(ခ)အန်တီချို (ပန်းချီစံအိမ်မိသားစု) က စီစဉ်ခြင်းဖြစ်သည်။

 


ပြပွဲတွင်ဆရာကြီး ဦးခင်မောင် စန်း ရေးဆွဲခဲ့သည့်   ပန်းချီကား ၆၇ ကား  ပြသထားမည်ဟု   သိရ သည်။ ဆရာကြီး  ဦးခင်မောင်စန်း ကွယ်လွန်သည်မှာ ၂၀၂၂ ဖေဖော် ဝါရီ ၂ ရက်တွင် တစ်နှစ်ပြည့်မည် ဖြစ်ပြီး ပြပွဲတွင် ဆရာကြီး ရေးဆွဲ ခဲ့ပြီး ယခင်ပြပွဲများတွင် မပြသရ သေးသည့် ပန်းချီကားများလည်းပါဝင်မည်ဖြစ်ကြောင်း     တချို့ ဟောင်းပေမဲ့       ကောင်းနေသည့်  မိသားစု၏  Collection    ပန်းချီ အချို့လည်း  ပါဝင်ပြသထား​မည် ဖြစ်ကြောင်း ဆက်လက်၍လည်း အမှတ်တရပြပွဲများစွာ  ကျင်းပ မည်ဖြစ်ကြောင်း   ဆရာမ ဒေါ်ခင် နန်းဆန်က ပြောပြသည်။

 


ဆရာကြီး၏  ပန်းချီလက်ရာ များကို ချစ်မြတ်နိုးသူများ၊ ဆရာ ကြီး၏တပည့်များ အမှတ်တရ(၁) ပန်းချီပြပွဲသို့ လာရောက်ကြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။


ခင်ခင်ဝင်း (ပညာရေး)