
လော့စ်အိန်ဂျလိစ် ဇန်နဝါရီ ၂၈
ကယ်လီဖိုးနီးယားရှိ ဒစ္စနေးလ် ဥယျာဉ်နှင့် ဒစ္စနေးလ်ကစား ကွင်းတို့တွင် ဖျော်ဖြေရေးနှင့် မီဒီယာ ကုမ္ပဏီဖြစ်သည့် ဝေါ့ဒစ္စနေးလ် ကုမ္ပဏီ နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် အဖြစ် ဇန်နဝါရီ ၂၇ ရက်က ဖျော်ဖြေမှုများ၊ စိတ်ဝင်စားဖွယ် ရာအသစ်များဖြင့် ပွဲစတင်ကျင်းပ လျက်ရှိကြောင်း သိရသည်။
ကမ္ဘာ့နေရာ အနှံ့အပြားရှိ ဒစ္စနေးလ်ပန်းခြံများတွင်လည်း နှစ်(၁၀၀)ပြည့် အခမ်းအနားများ ပြုလုပ်ကြမည်ဟု ကယ်လီ ဖိုးနီးယားတောင်ပိုင်း အပန်းဖြေ ဥယျာဉ်မှ သတင်းထုတ်ပြန် သည်။ ဒစ္စနေးလ်ဥယျာဉ်သို့ လာရောက် လည်ပတ်ကြသူများ သည် ညရှိုးပွဲများဖြစ်သည့် World of Color-One နှင့် Wondrous Journeys တို့ကို ကြည့်ရှုရမည်ဖြစ်သည်။
ကမ္ဘာပေါ်တွင် ပျော်စရာ အကောင်းဆုံးနေရာ ဖြစ်သည့် ဒစ္စနေးလ်ဥယျာဉ်တွင် ယခုကဲ့သို့ နှစ် (၁၀၀)ပြည့် မှတ်တိုင်စိုက်ထူနိုင်ခဲ့သည့်အတွက် အလွန်စိတ် လှုပ်ရှားရကြောင်း ဒစ္စနေးလ် အပန်းဖြေဥယျာဉ်၏ ဥက္ကဋ္ဌဖြစ် သူ ကန်ပေါ့ထရော့က ပြော သည်။ ဒစ္စနေးလ်ကို ဘဝအစိတ် အပိုင်းတစ်ခုအဖြစ် သတ်မှတ် ထားသည့် ကမ္ဘာအနှံ့မှ ဒစ္စနေး ပရိသတ်များသည် ၎င်းတို့ နှစ်သက်သည့် ဒစ္စနေးလ်ဇာတ် ကောင်များနှင့်အတူ ပျော်ရွှင်ခွင့် ရရှိမည်ဖြစ်သည်။
၁၉၂၃ခုနှစ်တွင် တည်ထောင် ခဲ့သည့် ဝေါ့ဒစ္စနေးလ်ကုမ္ပဏီ သည် ပထမဆုံး အပန်းဖြေ ဥယျာဉ်ကို ၁၉၅၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ဆင်ဟွာ