ကယ်လီဖိုးနီးယားပြည်နယ်၌ ဆောင်းရာသီမုန်တိုင်းကြောင့် အိုးအိမ်နှင့် လုပ်ငန်းပေါင်း တစ်သိန်းကျော် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်

 

လော့စ်အိန်ဂျလိစ် ဖေဖော်ဝါရီ ၂၅


အမေရိကန်နိုင်ငံ         လူဦးရေ အများဆုံး       ပြည်နယ်ဖြစ်သည့် ကယ်လီဖိုးနီးယား  ပြည်နယ်ကို ပြင်းထန်သော   ဆောင်းရာသီ မုန်တိုင်း     ဝင်ရောက်တိုက်ခတ် ပြီးနောက်   ပြည်နယ်တစ်ဝန်းရှိ အိုးအိမ်နှင့်           လုပ်ငန်းပေါင်း  တစ်သိန်းကျော်မှာ  ဖေဖော်ဝါရီ ၂၄ ရက် အစောပိုင်းတွင် လျှပ်စစ် ဓာတ်အားပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 


ကယ်လီဖိုးနီးယားပြည်နယ်ရှိ လျှပ်စစ်ဓာတ်အား          သုံးစွဲသူ  ၁၁၆၀၀၀ခန့်မှာ  ဖေဖော်ဝါရီ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီအထိ ပြတ်တောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း  နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ခြေရာခံဝက်ဘ်ဆိုက်   Power-Outage.US ၏ ထုတ်ပြန်ချက်အရ သိရသည်။ 


ဖေဖော်ဝါရီ   ၂၃   ရက်က ပြည်နယ်အတွင်းသို့  စတင်ဝင် ရောက်ခဲ့သည့်       မုန်တိုင်းသည် မိုးရွာသွန်းခြင်း၊      မိုးသီးများ ကြွေကျခြင်းနှင့် နှင်းများကျဆင်း ခြင်းတို့   ဖြစ်ပေါ်ခဲ့သည့်အပြင် ပုံမှန်မဟုတ်သော    နှင်းထူထပ် သိပ်သည်းစွာ ကျဆင်းခြင်း၊   အေး ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း တို့    ဆက်လက်ဖြစ်ပေါ်စေခဲ့ကြောင်း   အမျိုးသားမိုးလေဝသဌာန (အင်န် ဒလျူအက်စ်)က ပြောသည်။ 


လျှပ်စစ်ဓာတ်အား   ပြတ် တောက်မှုများအပြင်  ရာသီဥတု ဆိုးရွားမှုကြောင့်  လမ်းများပေါ် တွင်  နှင်းများ၊  ရေခဲများ   စုပြုံ ကျရောက်လာပြီးနောက် လမ်း များနှင့်    အဝေးပြေးလမ်း  အများ အပြားကို ပိတ်ထားခဲ့ရကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် မီချီဂန်ပြည်နယ်ရှိ လျှပ်စစ်ဓာတ်အား      သုံးစွဲသူ  ၇၂၀၀၀၀  ကျော်မှာလည်း ဓာတ် အား   ပြတ်တောက်မှု  ဖြစ်ပွားခဲ့ ကြောင်းနှင့် အဆိုပါ သုံးစွဲသူများ အနေဖြင့် ဖေဖော်ဝါရီ ၂၆ ရက်တွင် လျှပ်စစ်ဓာတ်အား ပြန်လည်သုံးစွဲ ခွင့်ရရှိဖွယ်ရှိကြောင်း အာဏာပိုင် များက ခန့်မှန်းထားသည်။

ဆင်ဟွာ