
ဆန်ဖရန်စစ္စကို မေ ၄
အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယား ပြည်နယ်ရှိ မြို့နယ်အများအပြားတွင် လာမည့် နှစ်များအတွင်း နည်းပညာဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၅၀၀ ကျော် ဖန်တီးပေးရန် စီစဉ် ထားကြောင်း အမေဇုန်က မေ ၃ ရက် တွင် ထုတ်ပြန်ကြေညာလိုက် သည်။
အမေဇုန်သည် အီဗီနီနှင့် ဆန်တာမော်နီကာ အပါအဝင် ဆန်ဒီယေဂိုနှင့် လော့စ်အိန်ဂျလိစ် မြို့များ၌ ၎င်း၏ Tech Hubs နည်းပညာများကို တိုးချဲ့ရင်းနှီး မြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရ သည်။ အမေဇုန်သည် ကယ်လီ ဖိုးနီးယားတောင်ပိုင်းရှိ နေရာ ၁၅ ခု ကျော်တွင် ရင်းနှီးမြှုပ်နှံထားပြီး ၂၀၂၁ ခုနှစ်တွင် ပြည်နယ်အနှံ့ အလုပ်အကိုင် အခွင့်အလမ်း ပေါင်း ၁၇၀၀၀ ကျော် ဖန်တီး ပေးနိုင်ခဲ့သည်။
အဆိုပါ အလုပ်အကိုင် အခွင့် အလမ်း ၂၅၀၀ ကျော်တွင် နည်း ပညာဆိုင်ရာ အရင်းအမြစ်များ တည်ဆောက်ခြင်း၊ အဲလက်ဇာ နည်းပညာ တိုးတက်အောင် ပြုလုပ်ခြင်းနှင့် နောက်ဆုံးထွက် ဗီဒီယိုဂိမ်းများကို ဒီဇိုင်းထုတ်ခြင်း များ ပါဝင်ကြောင်း အမေဇုန် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၏ ဒုတိယဥက္ကဋ္ဌ ဟိုလီဆူလီဗန် က ပြောကြားသည်။
အမေဇုန်သည် ၂၀၁၀ ပြည့် နှစ်နောက်ပိုင်း ကယ်လီဖိုးနီးယား တွင် အချိန်ပြည့်နှင့် အချိန်ပိုင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၇၀၀၀၀ ကျော်ကို ဖန်တီးပေး ခဲ့ပြီးဖြစ်ကြောင်းနှင့် အမေရိကန် ဒေါ်လာ ၈၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံပြီးဖြစ်ကြောင်း သိရ သည်။
ဆင်ဟွာ