ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဘောလခဲမြို့နယ် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံများနှင့်တွေ့ဆုံ

 

လွိုင်ကော်   မေ   ၂၈


ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည်    ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ     ဒုတိယ ဗိုလ်ချုပ်ကြီး   အောင်ဇော်အေး၊   အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူး   ဗိုလ်ချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများနှင့်အတူ   မေ   ၂၇   ရက်တွင် ဘောလခဲမြို့နယ်သို့ သွားရောက်ပြီး နယ်မြေဒေသ  တည်ငြိမ်အေးချမ်းရေးနှင့်     ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ  ဆောင်ရွက်နေမှုများအား  ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။

 


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ဘောလခဲမြို့နယ်  ခရိုင်အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနသို့ ရောက်ရှိပြီး ဌာနဆိုင်ရာ ဝန်ထမ်း များ၊  မြို့မိ   မြို့ဖများနှင့်   ဒေသခံပြည်သူများအား တွေ့ဆုံသည်။

 


တွေ့ဆုံပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး  အောင်ဇော်အေးက  ကယား ပြည်နယ် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍   ကယားပြည်နယ်ဝန်ကြီးချုပ်က  နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို  စနစ်တကျ  အောင်မြင် ‌အောင် ဆောင်ရွက်ရန်နှင့် ခရိုင်အတွင်းတွင်  သီးနှံ များကို  စိုက်ပျိုးရာသီအမီ  စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက  ဦးဆောင်ပြီး  ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊    ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်     အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်၍   ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆရာ ဆရာမများနှင့်  ကျောင်းသား  ကျောင်းသူများ ၏ လိုအပ်ချက်များကို အထူးအလေးထား ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးအား   ဦးတည်အုပ်စုအလိုက်   ခရိုင် အတွင်း ရာနှုန်းပြည့်မီအောင် ထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   လျှပ်စစ်မီး အမြန် ပြန်လည်ရရှိရေးအတွက်လည်း  စီမံဆောင်ရွက်လျက် ရှိကြောင်း၊ ကဏ္ဍအသီးသီးတွင် ဒေသ၏ဖွံ့ဖြိုးရေး လုပ်ငန်းများ  တိုးတက်အောင်မြင်စေရေးအတွက် ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 


ထို့နောက် ဘောလခဲမြို့နယ်အတွင်းရှိ ရပ်မိရပ်ဖ များက စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြည့်ဆည်းပေးစေလိုသည့်  လုပ်ငန်းများ၊   အခြေခံ ပညာကျောင်းများ       ပြန်လည်ဖွင့်လှစ်ရာတွင် ဆောင်ရွက်ပေးစေလိုသည့် လုပ်ငန်းများ ၊  ပရဟိတ လုပ်ငန်းဆောင်ရွက်နေသော   အသင်းအဖွဲ့များ၏ လိုအပ်ချက်များကို   တင်ပြဆွေးနွေးရာ  ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

 


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက  ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်း များအတွက် ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်း များကိုလည်းကောင်း၊    ဘောလခဲခရိုင်အတွင်းရှိ စိုက်ပျိုးတောင်သူများကို သဘာဝမြေသြဇာများကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။

 


ထို့နောက် ဘောလခဲမြို့နယ် ပြည်သူ့ဆေးရုံကြီး သို့  သွားရောက်ကာ ဆေးသိုလှောင်ရုံတွင် ဆေးဝါး များ စနစ်တကျ ထားသိုထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကာ မြို့နယ်ဆေးရုံတွင် ပြည်သူ များ ဆေးကုသရာ၌ ဆေးဝါးများ မပြတ်လပ်စေရေး အတွက်     ပြည်နယ်အစိုးရအဖွဲ့က   ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး  ကျန်းမာရေးဝန်ထမ်းများအား  ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့သည်။

 


ဆက်လက်၍    ဆေးရုံကြီး၌   ကျန်းမာရေး စောင့်ရှောက်မှု    ခံယူနေသည့်    လူနာများကို သွားရောက်တွေ့ဆုံ   အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ သည်။

 


ယင်းနောက် ဘောလခဲမြို့နယ် မြို့မရဲစခန်းအား သွားရောက်စစ်ဆေးပြီး မြို့နယ်ရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေး စကားပြောကြားကာ  ထောက်ပံ့ငွေများ  ပေးအပ်ခဲ့ ကြောင်း သိရသည်။            

 

ပြည်နယ်(ပြန်/ဆက်)