ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

လွိုင်ကော်   ဇူလိုင်   ၁၉
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက   လွိုင်ကော် မြို့နယ်    ရွှေကျောင်း  ပရိယတ္တိစာသင်တိုက်သို့ သွားရောက်ကာ    ပြည်နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ   ဘဒ္ဒန္တပညာစက္ကနှင့် ပြည်နယ်သံဃ နာယက အဖွဲ့အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တ သီဟနန္ဒတို့အား  သွားရောက်ဖူးမြော်ကြည်ညိုပြီး ပြည်နယ်အတွင်းရှိ သံဃာတော်များ ဝါတွင်းကာလ အဆင်ပြေစွာသီတင်းသုံးနိုင်ရေး၊   ပရိယတ္တိစာသင် တိုက်များဖွင့်လှစ်နိုင်ရေးနှင့်    သာသနာရေးဆိုင်ရာ များ   လျှောက်ထားကာ     လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး  ရွှေကျောင်းပရိယတ္တိစာသင် တိုက်အတွင်းရှိ  အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်ဆောင်ရွက်မှုကြောင့် ပျက်စီးသွား သည့်  သာသနိကအဆောက်အဦများကို   လိုက်လံ ကြည့်ရှုစစ်ဆေးကာ  ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။
ဆက်လက်၍ မင်းကျောင်းပရိယတ္တိစာသင်တိုက် သို့ သွားရောက်၍ ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် သံဃာဆောင်များနှင့် တိုးချဲ့ဆွမ်းစားဆောင်တို့အား ပြန်လည်ပြုပြင် ဆောင်ရွက်ပေးနေမှုများကို လိုက်လံ ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
လွိုင်ကော်မြို့နယ်အတွင်း     ဆက်သွယ်ရေး တာဝါတိုင်များ    ပြုပြင်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ဆက်သွယ်ရေးတာဝါတိုင်   ၁၀  တိုင်အား  အသုံးပြုနိုင်ပြီဖြစ်ပြီး  ကျန်ရှိသော တာဝါတိုင်များအား ပြုပြင်ဆောင်ရွက်လျက်ရှိသည့်    အခြေအနေများ ကို   ပြည်နယ်ဝန်ကြီးချုပ်နှင့်     တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မင်းစုရပ်ကွက်အတွင်းရှိ ပြည်သူများအား ရင်းရင်းနှီးနှီး   တွေ့ဆုံအားပေးစကားပြောကြားပြီး ရပ်ကွက်အတွင်းနှင့်      မင်းကျောင်းကန်ပတ်လမ်း တစ်လျှောက်    သန့်ရှင်းသာယာလှပမှု     ရှိစေရေး၊  ရေစီးရေလာကောင်းမွန်မှု       ရှိစေရေးတို့အတွက်   ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်    ဖြစ်ကြောင်း    ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်   တာဝန် ရှိသူများသည်   လွိုင်ကော်မြို့မှ    တောင်ကြီးမြို့သို့ ပြေးဆွဲမည့် မော်တော်ယာဉ်လိုင်းများ၏ ယာဉ်စုရပ် နေရာသို့သွားရောက်၍  ခရီးသွားပြည်သူများအား တွေ့ဆုံအားပေးစကား   ပြောကြားပြီး   ပြည်သူများ စိတ်အေးချမ်းစွာ ခရီးသွားလာနိုင်ရေး၊ ယာဉ်စီးခများ သတ်မှတ်နှုန်းထား ကျော်လွန်ကောက်ခံမှုမရှိစေရေးမှာကြားသည်။   ယခုအခါ လွိုင်ကော် - ဆီဆိုင် - တောင်ကြီးသို့   မော်တော်ယာဉ်လိုင်း    ခုနစ်လိုင်း ပြေးဆွဲနိုင်ပြီဖြစ်ပြီး  ကျန်ရှိသည့်မော်တော်ယာဉ်လိုင်း များအား ထပ်တိုးပြေးဆွဲနိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယင်းနောက် အကြမ်းဖက်သောင်းကျန်းသူများ နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ထိခိုက်ပျက်စီး ခဲ့ရသည့် နောင်ယား(က)ရပ်ကွက်ရှိ စုပေါင်းဝန်ထမ်း အိမ်ရာအဆောက်အဦများကို သွားရောက်၍ ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ အမြန်ဆုံးပြန်လည် နေရာချထားနိုင်ရေးအတွက်   တာဝန်ရှိသူများအား မှာကြားကြောင်း သိရသည်။  ပြည်နယ်(ပြန်/ဆက်)