
လွိုင်ကော် ဒီဇင်ဘာ ၂၂
ကယားပြည်နယ် အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ စောင်များ လှူဒါန်းခြင်းနှင့် ဗုဒ္ဓဘာသာ သာသနာ ပြန့်ပွားရေးအသင်း (လွိုင်ကော်အသင်းခွဲ)သို့ အလှူ တော်ငွေများ ပေးအပ်ပွဲကို ဒီဇင်ဘာ ၂၀ ရက်က လွိုင်ကော် မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ ဆရာတော်သံဃာတော် များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော် မျိုးတင်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များ က ပြည်နယ်သံဃနာယအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ သီလခံယူ ဆောက်တည်ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ စောင်များ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဗုဒ္ဓဘာသာ သာသနာ ပြန့်ပွားရေးအသင်း (လွိုင်ကော်အသင်းခွဲ)သို့ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူးတို့က အလှူတော်ငွေများ ပေးအပ်ခဲ့ရာ အသင်းဥက္ကဋ္ဌ ဦးမောင်ကိုက လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ကိုဇင်(လွိုင်ကော်)