
နေပြည်တော် ဇန်နဝါရီ ၂၄
ကယားပြည်နယ်အတွင်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ KNPP အဖွဲ့ အချို့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား ထိတွေ့ တိုက်ပွဲများကြောင့် တိုက်ပွဲ ဖြစ်ပွားရာ နေရာများနှင့် လွတ် ကင်းသည့်နေရာများသို့ တိမ်း ရှောင်လျက်ရှိသည့် လွိုင်ကော် မြို့ပေါ်အပါအဝင် အဆိုပါဒေသ တစ်ဝိုက်မှ အပြစ်မဲ့ပြည်သူ များအား နယ်မြေပြန်လည် တည်ငြိမ် အေးချမ်းပြီဖြစ်သည့် ၎င်းတို့၏ နေရာဒေသများ၌ ပြန်လည်နေထိုင်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် လွိုင်ကော်မြို့ပေါ်နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူ ၂၂၂ ဦးတို့သည် ၎င်းတို့နေရပ်အသီးသီးသို့ ထပ်မံ ပြန်လည်ဝင်ရောက် နေထိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသည့် တိုက်ပွဲ ရှောင်ပြည်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူ များက စနစ်တကျလက်ခံခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း၍ ကူညီထောက်ပံ့မှုများ ဆောင် ရွက်ပေးလျက်ရှိသည်။
ကယားပြည်နယ်အတွင်း NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့ရာမှ စတင်၍ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ KNPP အဖွဲ့ အချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ ပြီး အဆိုပါဒေသတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဇန်နဝါရီ ၂၂ ရက်မှစ၍ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ရာ နယ်မြေတည်ငြိမ်အေးချမ်း မှုများ ပြန်လည်ရရှိလာသဖြင့် ဈေးများ ပုံမှန် အတိုင်း ပြန်လည်ဖွင့်လှစ်၍ အေးချမ်းတည်ငြိမ် စွာ ရောင်းဝယ် ဖောက်ကားလျက်ရှိသည့်အပြင် ဘုရား၊ စေတီများနှင့် အခြားဘာသာရေးကျောင်း များ၌လည်း ဘုရားဖူး ဝတ်ပြုဆုတောင်းသူများ နှင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်