
နေပြည်တော် ဇန်နဝါရီ ၂၃
ကယားပြည်နယ်အတွင်း NUG နှင့် PDF အမည်ခံ အကြမ်းဖက် သမားများကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့ရာ မှ စတင်၍ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့များ၊ KNPP အဖွဲ့အချို့ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဇန်န ဝါရီလအတွင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လွိုင်ကော်မြို့ပေါ် အပါအဝင် အဆိုပါဒေသတစ်ဝိုက် မှ အပြစ်မဲ့ပြည်သူများ တိုက်ပွဲဖြစ် ပွားရာ နေရာများနှင့် လွတ်ကင်း သည့် နေရာများသို့ ထွက်ပြေး တိမ်းရှောင်လျက်ရှိသည်။
အဆိုပါ ဒေသတစ်ဝိုက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်န ဝါရီ ၂၂ ရက်မှစ၍ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေ တည် ငြိမ်အေးချမ်းမှုများ ပြန်လည်ရရှိ လာသဖြင့် ဈေးများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်၍ အေးချမ်း တည်ငြိမ်စွာ ရောင်းဝယ်ဖောက် ကားလျက်ရှိသည့်အပြင် ဘုရား၊ စေတီများနှင့် အခြားဘာသာရေး ကျောင်းများ၌လည်း ဘုရားဖူး ဝတ်ပြုဆုတောင်းသူများနှင့် ပုံမှန် အတိုင်း သွားလာလှုပ်ရှားလျက်ရှိ သည်။
ပြန်လည်ဝင်ရောက်
ထို့အပြင် တိုက်ပွဲရှောင် ပြည်သူများ ပြန်လည်နေထိုင်နိုင် ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် လိုအပ်သည်များပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရာ အဆိုပါ ထွက်ပြေးတိမ်းရှောင်နေ သူများအနက်မှ ဇန်နဝါရီ ၂၂ ရက် နှင့် ယနေ့တွင် လွိုင်ကော်မြို့ပေါ် နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူ ၃၁၄ ဦး တို့သည် ၎င်းတို့ နေရပ်အသီးသီး သို့ ပြန်လည်ဝင်ရောက်လာခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျလက်ခံခဲ့ပြီး လိုအပ် သည်များ ညှိနှိုင်းဖြည့်ဆည်း၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးလျက်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်