ကယားပြည်နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ်များနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည့် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများထံသို့ လက်နက်၊ ခဲယမ်းများပို့ဆောင်မည့်တရားခံများ ဖမ်းဆီးရမိ

 

နေပြည်တော်   နိုဝင်ဘာ    ၁၇    
KNPP  အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်    သမားများသည်  ကယားပြည်နယ်အတွင်း အပြစ် မဲ့ပြည်သူများကို  သတ်ဖြတ်ခြင်း၊ ဆရာ   ဆရာမများ   အပါအဝင် နိုင်ငံ့ဝန်ထမ်းများအား    အတင်း အဓမ္မ    ဖမ်းဆီးခေါ်ဆောင်ခြင်း၊  အပြစ်မဲ့ပြည်သူများ၏   နေအိမ် များကို   ဝင်ရောက်ဖျက်ဆီးခြင်း နှင့် လုယက်ခြင်းများအား ဥပဒေမဲ့ ကျူးလွန်လျက်ရှိသည်။   အဆိုပါ အကြမ်းဖက်      သမားများသည် တိုင်းရင်းသား   လက်နက်ကိုင် အဖွဲ့အချို့နှင့်    ချိတ်ဆက်ကာ လက်နက်၊    ခဲယမ်းများဝယ်ယူ ၍    အပြစ်မဲ့ပြည်သူများအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့် နှိပ်စက်ခြင်း၊   ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့်       အဖျက် အမှောင့်လုပ်ငန်းများ လုပ်ဆောင် နေခြင်းဖြစ်သည်ကို  စိစစ်တွေ့ရှိ ရသည်။
ဖမ်းဆီးရမိခဲ့
နိုင်ငံတော်အစိုးရ   အနေနှင့် တပ်မတော်အနေဖြင့် လူမှုစီးပွား ဘဝလုံခြုံရေးအတွက် ပြည်ထောင်  စုတစ်ဝန်းလုံး  တည်ငြိမ်အေးချမ်း ရေးနှင့်    တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား  လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေသောလုပ်ရပ်နှင့် အကြမ်းဖက် လုပ်ရပ်များကို   မလိုလားသည့် ဒေသခံ တိုင်းရင်းသားပြည်သူများ ၏   လျှို့ဝှက်စွာသတင်းပေးပို့မှု များအရ နိုဝင်ဘာ ၁၆ ရက် ညပိုင်း တွင်   ကယားပြည်နယ်အတွင်း အဖျက်အမှောင့်    လုပ်ရပ်များ နှင့်  အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည့် KNPP အဖွဲ့  နှင့် PDF  အမည်ခံ အကြမ်းဖက် သမားများထံသို့      လက်နက်၊ ခဲယမ်းများ သယ်ယူပို့ဆောင်ပေး နေသော ပင်လုံမြို့ ပန်မုန့်အုပ်စု လွယ်တပ်ကျေးရွာ New Power စက်သုံးဆီဆိုင်ပိုင်ရှင်  တရားခံ ခွန်သောင်းထွန်းအား   ဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ခွန်သောင်း  ထွန်း၏ ထွက်ဆိုချက်အရ ပင်လုံ မြို့ ပန်မုန့်ကျေးရွာနေ ပေတူး(ခ)မာရီယာနို၏ နေအိမ်ခြံဝင်းအတွင်း ရှိ       ဂိုဒေါင်အဆောက်အဦ၌ တရားခံ ခွန်အောင်မင်း၊ ခွန်နေမျိုး၊ ကျော်ဇင်ထွန်း၊ ခွန်အောင်ကျော် မြင့်နှင့်      ခွန်အောင်ကျော်တို့ ငါးဦးတို့ကို    ကယားပြည်နယ် အတွင်း အဖျက်အမှောင့်လုပ်ရပ် များနှင့်    အကြမ်းဖက်လုပ်ရပ် များကို    ကျူးလွန်လျက်ရှိသည့် KNPP   အဖွဲ့နှင့်   PDF   အမည်ခံ အကြမ်းဖက်သမားများ    ထံသို့ ပို့ဆောင်မည့် RPG ဒုံးပစ်လောင် ချာ ၁၂ လက်၊  တရုတ်စက်လတ် ကိုးလက်၊ Type-81 မောင်းပြန် ရိုင်ဖယ်   ၁၀၉ လက်၊   စုစုပေါင်း လက်နက်မျိုးစုံ အလက် ၁၃၀၊ RPG  ဒုံးသီး ၁၀၆ လုံး၊ အီနာဂါ  ဗုံးသီး အလုံး  ၆၁၀၀၊   တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၁၄၂၆ လုံး၊ စုစုပေါင်း ဗုံးသီးမျိုးစုံ   ၇၆၃၂ လုံး၊   ၇.၆၂ ကျည်အတောင့်   ၁၃၆၇၀၊  ၁၀၇ မမ စနက်အုံအခု ၁၀၀၊ လက်နက် ငယ်ပြောင်း အပိုအချောင်း  ၅၀၀၊ ကျည်အိမ်မျိုးစုံ ၁၈၂၉ ခု၊ TNT ယမ်း ၉၅၀ ကီလိုဂရမ်၊ အမိုနီယမ် နိုက်ထရိတ်    ၂၀၀  ကီလိုဂရမ်၊ Equipment အစုံ ၂၀၀၀၊ Canter အမျိုးအစား(လိုင်စင်မဲ့)ခြောက်ဘီး  ယာဉ်သုံးစီး၊  Ford အမျိုးအစား (လိုင်စင်မဲ့) မော်တော်ယာဉ်တစ်စီး  နှင့် Vigo အမျိုးအစား(လိုင်စင်မဲ့) မော်တော်ယာဉ်   တစ်စီးတို့အား သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိ    တရားခံများ၏ ထွက်ဆိုချက်အရ ယနေ့နံနက်ပိုင်း တွင်   ကယားပြည်နယ်ဘက်သို့ လက်နက်၊  ခဲယမ်းများ  အဓိက ပို့ဆောင်ပေးနေသည့်   ထွက်ပြေး တိမ်းရှောင်နေသူ တရားခံ ပေတူး (ခ) မာရီယာနို အား ထပ်မံဖမ်းဆီး ရမိခဲ့သည်။
လေးကြိမ်ခွဲ သယ်ယူ
ဖမ်းဆီးရမိတရာခံ ခွန်သောင်း    ထွန်းနှင့် ပေတူး(ခ)မာရီယာနိုတို့ ၏ ထွက်ဆိုချက်အရ သိမ်းဆည်း ရမိ  လက်နက်၊  ခဲယမ်းများအား ကယားပြည်နယ်ရှိ   KNPP  အဖွဲ့ နှင့်  PDF အမည်ခံ အကြမ်းဖက် သမားများ၏     စေခိုင်းမှုဖြင့် ပင်လုံမြို့နယ်     ကုန်းကျောင်း ကျေးရွာသို့ လာရောက်ပို့ဆောင် သည့်   SSPP/SSA   ယူနီဖောင်း ဝတ်ဆင်ထားသူ    ၁၀   ဦးထံမှ  လေးကြိမ်ခွဲ၍ သွားရောက်သယ်ယူ ခဲ့ပြီး     နေအိမ်ခြံဝင်းအတွင်းရှိ ဂိုဒေါင်       အဆောက်အဦတွင် စုစည်းထားခြင်း     ဖြစ်ကြောင်း၊ အဆိုပါ လက်နက်၊ ခဲယမ်းများအား Canter အမျိုးအစား ခြောက်ဘီး ယာဉ်တို့ဖြင့်  ကယားပြည်နယ် ဘက်သို့    ဆက်လက်ပို့ဆောင် ရန် စီစဉ်နေစဉ်    ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း     ဖော်ထုတ်သိရှိရ သည်။
သတင်းပေးတိုင်ကြားနိုင်
သို့ဖြစ်ပါ၍     ဖမ်းဆီးရမိ တရားခံများအား      ဥပဒေအရ ထိရောက်စွာ   အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့်  KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား များ၏     လက်နက်၊     ခဲယမ်း သယ်ဆောင်    ရောင်းဝယ်မှုများ၊ ၎င်းတို့   ပုန်းခိုရာနေရာများနှင့် ဆက်စပ်တရားခံများအား အမြန် ဆုံး   ဆက်လက်ဖမ်းဆီးရမိရေး အတွက်    သတင်းများရရှိပါက သက်ဆိုင်ရာသို့      လျှို့ဝှက်စွာ သတင်းပေး       တိုင်ကြားနိုင်ပါ ကြောင်း၊       သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန် စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့် ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေး အတွက်      ပြည်သူတစ်ရပ်လုံး   ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်   နိုင်ပါရန်      မေတ္တာရပ်ခံအပ်ပါ ကြောင်း  အသိပေး  သတင်းထုတ် ပြန်ထားသည်။      
သတင်းစဉ်