ကယားပြည်နယ်အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူများအား ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး အခြေခံစားကုန်များ ထောက်ပံ့လှူဒါန်း

 

လွိုင်‌ကော်        ဖေဖော်ဝါရီ    ၂၆


ကယားပြည်နယ် အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူ များအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့်      အခြေခံစားကုန်များ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့   နောင်ယား(က)ရပ်ကွက်ရှိ    ခေတ္တ နေရပ်စွန့်ခွာပြည်သူများအား  ကြိုဆိုလက်ခံရေးစခန်း တွင် ကျင်းပသည်။

 


ထိုသို့ဆောင်ရွက်ရာတွင်      ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဦးဆောင်၍ ပြည်နယ်  ဝန်ကြီးများ၊ လွိုင်ကော်တပ်နယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ခေတ္တနေရပ်စွန့်ခွာပြီး ပြည်နယ် အတွင်း ပြန်လည်ဝင်ရောက်လာသော ပြည်သူများ အား    အခြေခံစားကုန်များဖြစ်သည့်   ဆန်၊      ဆီ၊ ခေါက်ဆွဲခြောက်များ ပေးအပ်လှူဒါန်းသည်။

 


ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်နှင့်   တာဝန် ရှိသူတို့က နေရပ်ပြန်ပြည်သူတို့၏ လိုအပ်ချက်များကို မေးမြန်း၍   ပြည်နယ်ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်နယ်အစိုးရက ကဏ္ဍအသီးသီးတွင် ဆောင်ရွက်ပေးနေသည့်       အခြေအနေများကို ပြည်သူများအား   ရင်းရင်းနှီးနှီး  တွေ့ဆုံနှုတ်ဆက် ပြောကြားသည်။

 


နယ်မြေအခြေအနေ တည်ငြိမ်လာမှုကြောင့် ပြန်လည်ဝင်ရောက်လာသော      ပြည်သူများအား  ကြိုဆိုလက်ခံရေးစခန်းတွင် လက်ခံရာ၌ စနစ်တကျ စိစစ်မှတ်တမ်းရေးသွင်းလက်ခံခြင်း၊     ကိုဗစ်-၁၉ ရောဂါဆိုင်ရာ  ကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်ပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများကို ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခြင်း၊ လွိုင်ကော်မြို့အတွင်း ရှိ ရပ်ကွက်အသီးသီးတွင်  ပြန်လည်နေထိုင်မည့် မိသားစုများအား အခြေခံစားကုန်များထောက်ပံ့ပေးခြင်းတို့ကို ပြည်နယ်အစိုးရအဖွဲ့၏   ဦးဆောင်မှုနှင့် လှူဒါန်းပေးမှုတို့ဖြင့် သက်ဆိုင်ရာ ဌာနအသီးသီးက       လူမှုရေးအသင်းအဖွဲ့များနှင့်   ပူးပေါင်း၍     နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)